Tuesday, July 7, 2015

Honda CR-V(2015) ကျနော် အခု တပတ် ပြောပြ ချင်တာ ကတော့ လက်ရှိ ပြည်တွင်း အနေ အထားမှာ လူစီး များတဲ့ SUV တန်းဝင် မော်ဒယ် တခု ဖြစ်တဲ့ CR-V အကြောင်းပါ။




သူကတော့ ဂျပန် အခြေစိုက် မော်တော်ကား ကုမ္ပဏီ တခု ဖြစ်တဲ့ Honda ကနေ ထုတ်လုပ်တာ ဖြစ်ပြီးတော့ အရည် အသွေးပိုင်း ကောင်းမွန်မှုနဲ့ ဈေးနှုန်းပိုင်း သင့်တင်မှု တွေကြောင့် ပြည်တွင်းမှာ လူကြိုက် များတာ ဖြစ်ပါတယ်။


Honda CR-V(2007)
၁၉၉၅ ခုနှစ် ကတည်း ကနေ စတင် ထုတ်လုပ် လာခဲ့တဲ့ မော်ဒယ်ဖြစ် တာကြောင့် လက်ရှိ အချိန်မှာ ထုတ်လုပ်မှု သက်တမ်းက နှစ်နှစ်ဆယ် ရှိနေတာ တွေ့ နိုင်လို့ မော်ဒယ် အနေနဲ့ ဘယ်လောက် တောင်မှ လူကြိုက် များတယ် ဆိုတာကို မပြောဘဲ သိနိုင်တဲ့ အနေအထား တခုလည်း ဖြစ်နေပါတယ်။ မော်ဒယ်က ၁၉၉၅ ခုနှစ် ကနေ စတင် ထုတ်လုပ် ပေမယ့် အဆိုပါ ထုတ်လုပ်ချိန် ကနေ မော်ဒယ် နှစ်ကိုတော့ ကြိုပြီး ထုတ်လုပ် ကင်ပွန်း တပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုနိုင်မှာပါ။ အကြောင်း ကတော့ ၁၉၉၅ ခုနှစ်မှာ ထုတ်ပေမယ့် ၁၉၉၇ ခုနှစ် မော်ဒယ် အနေနဲ့ စတင် ထွက်ရှိ ခဲ့တာကြောင့် ဖြစ်ပါတယ်။ သူ့ကို ဘယ် အမျိုး အစားထဲ ထည့်မလဲ ဆိုရင်တော့ SUV ထဲမှာ ထည့်သွင်း သတ်မှတ် ရတာ ဖြစ်ပေမယ့် အဲဒီ SUV ထဲမှာမှ အမျိုး အစား အများကြီး ရှိနေသေး တာဆိုတော့ အသေးစိတ် ပြောရမယ် ဆိုရင် Compact SUV လို့လည်း ဆိုနိုင် ပါတယ်။ တချို့နေရာ ဒေသတွေ မှာတော့ Compact Crossover SUVအဖြစ်နဲ့ လည်း ခေါ်ပါတယ်။ compact ဆိုတာကတော့ မော်တော် ကားလောကမှာ အလယ် အလတ်တန်း အရွယ်ရှိတဲ့၊ အထူး သဖြင့် မြို့တွင်း လမ်းကြောင်း တွေမှာ မောင်းနှင်ရ၊ အဆင်ပြေတဲ့ မော်ဒယ်တွေကို သတ်မှတ် ခေါ်ဝေါ်တာ ဖြစ်ပြီးတော့ Crossover အနေနဲ့လည်း အခေါ်ကွဲ ပေမယ့် အတူတူ ပါပဲ။


Honda CR-V(1998)
တံခါးလေးပေါက် စနစ် အနေနဲ့ပဲ သတ်မှတ်တာ ဖြစ်ပြီးတော့ အင်ဂျင် အထိုင် စနစ် ကတော့ ရှေ့ဘက် အင်ဂျင် အထိုင် ပုံစံကို အလျားနဲ့ ကန့်လန့် အထိုင်နှစ်မျိုး ရှိတဲ့ အထဲက အခု CR-V က ကန့်လန့် အထိုင် ပုံစံနဲ့ ဖြစ်ပါတယ်။ ရုန်းအားယူ စနစ်မှာတော့ ရှေ့ဘီးယက် စနစ်နဲ့ ထုတ်လုပ် တာလည်း ရှိသလို လေးဘီးယက် စနစ်နဲ့ လည်း ထုတ်လုပ် တာတွေ့ နိုင်ပေမယ့် နောက်ဘီးယက် စနစ်နဲ့တော့ မလာပါဘူး။ Honda Civicvdk မော်ဒယ်ကနေ သွေဆင်း လာတဲ့ မော်ဒယ်လို့လည်း ဆိုနိုင်မှာ ဖြစ်ပြီး ဆီဒင်နဲ့ SUV အဖြစ် ပုံစံတော့ ကွဲလွဲတာ ဖြစ်ပါတယ်။ ဒီနေရာမှာ CR-V ရဲ့ အဓိပ္ပာယ် အရှည်ကောက် ကိုလည်း ကြုံလို့ ပြောချင် ပါသေးတယ်။ Comfortable Runabout Vehicle ဖြစ်ပြီးတော့ ဇိမ်ခံ တန်းဝင် မဟုတ်ပေမယ့် ခရီးဝေး မောင်းနှင်မှုနဲ့ လမ်းကြမ်း ပိုင်း မောင်းနှင်မှု အတွက်ပါ အဆင်ပြေအောင် ထုတ်လုပ်ထားတဲ့ မော်ဒယ် ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ အရှည်ကောက် စာသားကို ကမ္ဘာ့နိုင်ငံ တိုင်းမှာ ရေးသား တင်ပို့ရောင်းချ တာဖြစ်ပေမယ့် ခြွင်းချက် အနေနဲ့ အင်္ဂလန်မှာတော့ Com-pact Recreational Vehicle လို့ ရေးသား သုံးနှုန်းတာ တွေ့ နိုင်ပါတယ်။

ရှေ့ပိုင်းမှာတော့ Honda က မော်ဒယ်ကို ဂျပန်နဲ့ အင်္ဂလန်မှာပဲ ထုတ်လုပ် ခဲ့တာ ဖြစ်ပြီး ၂၀ဝ၇ ခုနှစ် လောက်ရောက်မှ အမေရိကန် ဈေးကွက် အတွက် ကိုပါ ဂျပန်နိုင်ငံ အိုဟိုင်းယိုးနဲ့ မက္ကဆီကို တွေမှာ စက်ရုံတွေ ထပ်မံ အားဖြည့်ပြီး ထုတ်လုပ် လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၂ ခုနှစ် အတွင်း မှာလည်း ကနေဒါ နိုင်ငံမှာ စက်ရုံသစ် ဆောက်လုပ် ထုတ်လုပ် ခဲ့တာတွေ့နိုင် သလို လက်ရှိ ကမ္ဘာ့အကြီးဆုံး မော်တော်ကား ဈေးကွက် တရုတ် အတွက်ကိုတော့ ဒေသခံ မော်တော်ကား ကုမ္ပဏီတခု ဖြစ်တဲ့ Dongfeng နဲ့ တွဲဖက်ပြီး Dongfeng Honda Automobile Company ဆိုတဲ့ နာမည်နဲ့ မော်တော်ကား ထုတ်လုပ် ရောင်းချတာ တွေ့ရ ပါတယ်။ လက်ရှိ မှာလည်း CR-V အနေနဲ့ Honda က ထုတ်လုပ် သမျှ SUV မော်ဒယ်တွေ ထဲမှာ အသေးဆုံး တန်းဝင် မော်တော်ကား ဖြစ်ပြီးတော့ တခြား ထုတ်လုပ် ရောင်းချ နေတဲ့ မော်ဒယ်တွေ ကတော့ အမေရိကန်နဲ့ ကနေဒါမှာ ရောင်းချ နေတဲ့ Element နဲ့ ဥရောပမှာ ရောင်းချ နေတဲ့ HR-V မော်ဒယ် တွေထက် သေးငယ်တာ ဖြစ်ပါတယ်။


Honda CR-V (2002)
မော်ဒယ်အနေနဲ့ ကတော့ အခုလို နှစ်ပေါင်း နှစ်ဆယ်ကျော် ဖြတ်သန်း ထုတ်လုပ် လာပြီးချိန်မှာ မျိုးဆက် အနေနဲ့ လေးဆက် ထိအောင် ပြောင်းလဲ အဆင့်မြှင့် ထုတ်လုပ်မှုတွေ လုပ်ဆောင် ထားပြီ ဖြစ်ပါတယ်။ တဆက်တည်း မှာပဲ အဆိုပါ မော်ဒယ် မျိုးဆက်တွေ အကြောင်းကို ပြောပြ ချင်ပါတယ်။ ပထမ မျိုးဆက်ကိုတော့ ၁၉၉၅ ခုနှစ်ကနေ ၂၀ဝ၁ ခုနှစ် အတွင်း ထုတ်လုပ် ခဲ့သမျှ မော်ဒယ်တွေကို ခေါ်ဝေါ်တာ ဖြစ်ပါတယ်။ မော်ဒယ်နှစ် ကတော့ ၁၉၉၇ ခုနှစ် ကနေ ၂၀ဝ၁ ခုနှစ်တွေ ဖြစ်ပါတယ်။ အင်္ဂလန်၊ ဂျပန်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ထိုင်းနဲ့ အင်ဒိုနီးရှား နိုင်ငံတွေမှာ တပ်ဆင် ထုတ်လုပ် မှုတွေ ရှိခဲ့ပြီး CR-V ရဲ့ ဒီဇိုင်းကို ရေးဆွဲပေး သူကတော့ HiriyukiKawase ဖြစ်ပါတယ်။ ပထမဆုံး ဒီဇိုင်းကို ၁၉၉၃ ခုနှစ် ကတည်းက ရေးဆွဲပေး ထားခဲ့ ပါတယ်။ ပထမ မျိုးဆက် အနေနဲ့ Honda Civic နဲ့ Integra မော်ဒယ်တွေနဲ့ ဆင်တူ တာတွေ့ရပြီး အဆိုပါ မျိုးဆက် မှာတော့ ၂ ဒသမ ဝ လီတာသုံး အင်ဂျင်တပ် မော်ဒယ်တွေကိုပဲ ထုတ်လုပ် ခဲ့တာတွေ့ ရသလို ဂီယာချက် ၅ ချက် Manual နဲ့ လေးချက် Auto စနစ်တွေ ထုတ် ခဲ့ပါတယ်။ ရုန်းအား စနစ်မှာတော့ အဆိုပါ အချိန် ကတည်းက ရှေ့ဘီးယက် နဲ့ရော လေးဘီးယက် နဲ့ပါ ရနိုင် ခဲ့တာပါ။

ဒုတိယမျိုးဆက်ကိုတော့ ၂၀ဝ၁ ခုနှစ်မှာ စတင်ပြောင်းလဲထုတ်လုပ်လာတာ ဖြစ်ပြီးတော့ ၂၀ဝ၆ ခုနှစ်အတွင်းထိအောင် မော်ဒယ်နှစ် ၂၀ဝ၂ နဲ့ ၂၀ဝ၆ အတွင်း မော်ဒယ်တွေ ဖြစ်လာပါတယ်။ တပ်ဆင်မှုအပိုင်းမှာ အရင်က ထုတ်လုပ်နေကျ စက်ရုံတွေအပြင် အင်္ဂလန်၊ ထိုင်း၊ တရုတ်၊ ဂျပန်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ အိန္ဒိယနဲ့ အင်ဒိုနီးရှားတွေမှာ ထုတ်လုပ်တာ တွေ့ရပါတယ်။ ဒုတိယမျိုးဆက်ကိုတော့ ဒီဇိုင်နာ Mitsuhiro Honda က ၁၉၉၉ ခုနှစ်မှာ ရေးဆွဲပေးတာဖြစ်ပြီးတော့ Honda Element လို မော်ဒယ်နဲ့ပါ ဆင်တူအောင် ပုံစံယူရေးဆွဲမှုတွေရှိလာတာ တွေ့ရပါတယ်။ ဒီမျိုးဆက်အတွင်းမှာတော့ ရွေးချယ်နိုင်စရာ အင်ဂျင်စနစ် ပိုများအောင် ထုတ်လုပ်လာပြီး ၂ ဒသမ ဝ လီတာသုံး၊ ၂ ဒသမ ၂ လီတာသုံးနဲ့ ၂ ဒသမ ၄ လီတာသုံး အင်ဂျင်စနစ်တွေပါ ထုတ်လုပ်လာခဲ့တာပါ။ ဒါ့အပြင် Transmission ပိုင်းမှာလည်း ၅ ချက်နဲ့ ၆ ချက်သုံး Manual စနစ်တွေနဲ့ ၄ ချက်နဲ့ ၅ ချက်သုံး Autoစနစ်နဲ့ပါ ရနိုင်လာခဲ့ပါတယ်။

တတိယမျိုးဆက်ကိုတော့ ၂၀ဝ၆ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပြီးတော့ ၂၀၁၁ ခုနှစ်ထိအောင် သတ်မှတ်ခဲ့တာပါ။ အဆိုပါ မော်ဒယ်ကတော့ ဒီဇိုင်းပိုင်း သိသိသာသာပြောင်းလဲလာတဲ့ မော်ဒယ်လို့ ဆိုနိုင်မှာဖြစ်ပြီး လူကြိုက်လည်း အရမ်းများလာခဲ့ပါတယ်။ မော်ဒယ်နှစ် အနေနဲ့ကတော့ ၂၀ဝ၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် မော်ဒယ်နှစ်တွေ ဖြစ်ပြီးတော့ အင်ဒိုနီးရှား၊ အမေရိကန်၊ မက္ကဆီကို၊ ထိုင်ဝမ်၊ ဂျပန်၊ ထိုင်း၊ အင်္ဂလန်၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတွေမှာ ထုတ်လုပ်လာခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ တတိယမျိုးဆက်အတွက် ဒီဇိုင်းကတော့ Daisuke Sawai ရဲ့ လက်ရာဖြစ်ပြီးတော့ ၂၀ဝ၄ ခုနှစ်မှာ ရေးဆွဲခဲ့တာဖြစ်သလို Acura RDX ရဲ့ အငွေ့ အသက်တွေပါ ပါလာပါတယ်။ အင်ဂျင်စနစ်မှာတော့ အရင်မျိုးဆက်ကအတိုင်း အင်ဂျင်စနစ်သုံးမျိုး ထုတ်လုပ်တာတွေ့နိုင်သလို Transmission ပိုင်းမှာတော့ ရွေးချယ်နိုင်စရာ ပြန်လျော့လိုက်တာတွေ့ရပြီး ၆ ချက် Manual စနစ်နဲ့ ၅ ချက် Auto စနစ် နှစ်မျိုးပဲ ထုတ်လုပ်တော့တာ တွေ့ရပါတယ်။ ထူးခြားချက် အနေနဲ့ကတော့ အဆိုပါမျိုးဆက်အတွင်းမှာ မော်ဒယ်က အကြမ်းခံပိုင်းစစ်ဆေးမှု ရမှတ်တွေ ကောင်းခဲ့ပြီး လူကြိုက်အထူးများခဲ့တာပါ။ စမ်းသပ်မှုတွေအရ ရှေ့ဘက်ခြမ်း ထိခိုက်မှုမှာ ကြယ်ငါးပွင့်ရသလို ဘေးဘက်ခြမ်း စစ်ဆေးမှုမှာလည်း ကြယ်ငါးပွင့်ရခဲ့ပြီး တစီးလုံးအနေအထားမှာ ကြယ်လေးပွင့်ရခဲ့တာ ဖြစ်ပါတယ်။

အခုလက်ရှိ နောက်ဆုံးအနေနဲ့ စတုတ္ထမျိုးဆက်ကို ထုတ်လုပ်နေတာတွေ့နိုင်ပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှာ မျိုးဆက်ပြောင်းလဲထုတ်လုပ်လာတာ အခုချိန်ထိအောင် ဖြစ်ပြီးတော့  မော်ဒယ်နှစ် အနေနဲ့ကတော့ ၂၀၁၂ ခုနှစ်ကနေအခုချိန်ထိအောင် ထုတ်လုပ်နေတဲ့ မော်ဒယ်တွေဖြစ်ပါတယ်။ အမေရိကန်၊ မက္ကဆီကို၊ ဂျပန်၊ ထိုင်း၊ ကနေဒါ၊ အင်ဒိုနီးရှား၊ အင်္ဂလန်နဲ့ တရုတ်နိုင်ငံတွေမှာ ထုတ်လုပ်တာတွေ့ရပြီး ဒီဇိုင်းရေးဆွဲပေးသူကတော့ Manab က Konaka ဖြစ်ပြီးတော့ ၂၀၁၀ ခုနှစ်အတွင်းက ရေးဆွဲထားတာဖြစ်ပါတယ်။

အင်ဂျင်စနစ်မှာ အနည်းငယ်ဆန်းသစ်လာပြီး ထုတ်လုပ်နေကျ ၂ ဒသမ ၂ လီတာသုံး အင်ဂျင်ထုတ်လုပ်မှု လျှော့ချလိုက်တာ တွေ့နိုင်သလို ၂ ဒသမ ဝ လီတာသုံးနဲ့ ၂ ဒသမ ၄ လီတာသုံး အင်ဂျင်စနစ်တွေကို ဆက်လက်ထုတ်လုပ်သလို တဖက်ကလည်း ၁ ဒသမ ၆ လီတာသုံး အင်ဂျင်စနစ်ကို အသစ်အနေနဲ့ စတင် တပ်ဆင်ထုတ်လုပ်လာတာ တွေ့နိုင်ပါတယ်။ ဒါပေမယ့် အဆိုပါ ၁ ဒသမ ၆ လီတာသုံး မော်ဒယ်တွေကတော့ ဥရောပဈေးကွက် တခုတည်းအတွက် ထုတ်လုပ်တာလည်း ဖြစ်ပါတယ်။ Transmission ပိုင်းမှာ ၅ ချက် Auto စနစ်ကို တကမ္ဘာလုံးဈေးကွက်အတွက် ထုတ်လုပ်ပေမယ့် ဥရောပဈေးကွက်အတွက် ၉ ချက် Auto စနစ်ကို ထုတ်လုပ်ရောင်းချတာတွေ့ရသလို ဂျပန်ဈေးကွက်အတွက်ကိုတော့ ၆ ချက်  CVT စနစ်နဲ့ ထုတ်လုပ်လာတာ တွေ့နိုင်ပါတယ်။

ကောင်းပါပြီ၊ ဒါဆိုရင် CR-V ဆိုတဲ့ မော်ဒယ်တခုအကြောင်းကို တော်တော်လေး စုံလောက်ပြီလို့ ထင်ပါတယ်နော်။ နောက်ဆုံးအနေနဲ့တော့ လုံခြုံစိတ်ချရမှုအပိုင်းမှာ အရွယ်ရောက်သူတွေအတွက် ၉၃ ရာခိုင်နှုန်း၊ ကလေးငယ်တွေအတွက် ၇၄ ရာခိုင်နှုန်းလုံခြုံမှုရှိတယ်လို့ နောက်ပိုင်း စစ်ဆေးချက်တွေ အရသိရသလိုအခြားသောအရေးကြီးစစ်ဆေးချက်တွေမှာလည်း ရမှတ်ကောင်းတွေရထားတာတွေ့ရ တယ်ဆိုတာပြောချင်သလို ပြန်လည်ခေါ်ယူပြင်ဆင်မှုအနေနဲ့တော့ နှစ်ကြိမ်လုပ်ထားဖူးတာ တွေ့ရပြီး ပထမတကြိမ်က ၁၇၂၀ဝ၀ ကို တံခါးစနစ်အားနည်းချက်ကြောင့် ခေါ်ယူပြင်ဆင်ခဲ့သလို ၂၀၁၂ ခုနှစ် အတွင်းမှာ အစီးရေ ၄၈၂၀ဝ၀ ကို Power Window အတွင်း မိုးရေယိုစိမ့်မှုကြောင့် ခေါ်ယူခဲ့တာတွေ့ရပါတယ်။ ထုတ်လုပ်ရောင်းချရမှုနှုန်းများကတော့ ၂၀၁၃ ခုနှစ်မှာ ၃၀၃၉၀၄ စီးထုတ်လုပ်ခဲ့ရသလို ပြီးခဲ့တဲ့နှစ် အတွင်းကတော့ ၃၃၅၀၁၉ စီးထုတ်လုပ်ရောင်းချနိုင်ခဲ့တာ တွေ့ရပါတယ်။

လင်းထက်(IA)

The Irrawaddy's Blog by thae thae

Original link - http://blog.irrawaddy.org/2015/06/honda-cr-v.html



Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: Honda CR-V ဆိုသည်မှာ http://www.simon-vlog.com/2015/06/honda-cr-v.html#ixzz3fELUSjGh
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

Bongo III,Porter 2,Starex GRX,Grand Starex များဝယ်ယူချင်ပါက N car showroom
PH 09260638997
ကိုဇော်
ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။
Use ကားများဖြစ်ပါတယ်။
Truck ကား များ ၁၂ယောက်စီးများဖြစ်သောကြောင့် ပစ္စည်းတင်ရန် လူကြိုပို့လုပ်ရန် လိုင်းစွဲရန် လုပ်ငန်းသုံးရန်အတွက် အထူးသင့်လျော်ပါတယ်။
မိသားစုများသောသူများလည်း အိမ်စီး အတွက် အဆင်ပြေပါတယ်။
Korea ကားများဟာ ဒီဆယ် ဘယ်မောင်း များဖြစ်သောကြောင့် ဆီကုန်သက်သာပြီး အဆင်ပြေစွာမောင်းနှင်နိုင်ပါတယ်။
Gear box နဲ့ Engine ကို ၆လ (သို့) ကီလိုမီတာ ၁၀၀၀၀ အာမခံပေးပါတယ်။
ကျွန်တော်တို့ဆီမှ ဝယ်ယူသောကားများကို မဝယ်ယူမှီ ဝယ်သူစိတ်တိုင်းကျဖြစ်အောင် ပြုလုပ်ပေးပါတယ်။
Useကားများဖြစ်သောကြောင့် မိမိစိတ်တိုင်းကျဖြစ်အောင် လဲလှယ်ပေးပါတယ်။
ကားပျက် လျင်လည်းအပိုပစ္စည်းပူစရာမလိုပဲ showroomတွင်ဝယ်ယူနိုင်ပါတယ်။
Showroom ပိုင် အရည်းအချင်းပြည့်မှီသောworkshop ဆရာများရှိသောကြောင့် အပြစ်ကိုရှာရာတွင် လျင်မြန်လွယ်ကူစွာ ရှာတွေ့ပြီးပြင်ဆင်နိုင်ပါတယ်
Show roomမှဝယ်ယူသောကားများကို အပိုပစ္စည်း ဝယ်ယူပါက ၁၀ ရာခိုင်နူန်း လျော့ပေးပါတယ်။
ဝယ်ယူသူများ ကိုမိတ်ဆက်ပေး သောအကျိုးဆောင်များကိုလည်း ၂ သိန်းမှ၃ သိန်းခန့်ပေးပါတယ်။
အကျိုးဆောင်ပါတယ်ဆိုတာကိုတော့ မဝယ်မှီအကြောင်းကြားပေးရန်လိုအပ်ပါတယ်။
Useကားဝယ်ပြီး ကားပျက်လျင်စိတ်ညစ်မလိုပဲservice အပြည့်ရနိုင်တဲ့ showroom က ကျွန်တော်တို့ showroomမှာပဲရှိနိုင်ပါတယ်။
ဒါကြောင့် ကားဝယ်မယ်ဆို N car ကိုသတိရလိုက်ပါ.....ok?



No comments:

Post a Comment