Monday, July 6, 2015

အနီ/အနက် မခွဲခြားဘဲ က.ည.န အခွန် (၅) ရာခိုင်နှုန်းသာ ကောက်ခံသဖြင့် အရောင်းသွက်လာသော ကိုရီးယား Mini Bus များBY: AUTO WORLD JOURNAL

နံပါတ်အနက်နှင့် အနီ မခွဲခြားဘဲ က.ည.န အခွန် (၅) ရာခိုင်နှုန်းသာ ကောက်ခံမှု ပြုလုပ်သည့် အချိန်မှစကာ (၁၂) ယောက်ကစီး၊ (၁၅) ယောက်စီး ကိုရီးယားကားများ အရောင်းသွက်လာကြောင်း  အဆိုပါ ကိုရီးယားကားများသာ တင်သွင်းရောင်းချသော ကား Showroom ပိုင်ရှင်တစ်ဦးက ပြောပြခဲ့သည်။ အိမ်စီးအတွက် သုံးရန်၊ Tour ကုမ္ပဏီများ အသုံးပြုရန်နှင့် ခရီးတို လိုင်းဆွဲရန်အတွက် အဝယ်များလာပြီး တင်သွင်းသူလည်း များလာကြောင်း သိရသည်။ (၁၂) ယောက်စီး ဖြစ်သော Hyundai Grand Starex မှာ  (၂၀၀၈-၂၀၀၉) မော်ဒယ်လ်အား သိန်း (၁၉၀) ဝန်းကျင်၊ Hyundai Starex မှာ (၂၀၀၄) မော်ဒယ်လ်အား (၁၃၅) သိန်းဝန်းကျင် ရှိသဖြင့် အိမ်စီးအတွက် အများဆုံး ဝယ်ယူကြကြောင်း သိရသည်။ (၁၅) ယောက်စီး ဖြစ်သော Hyundai Grace နှင့် ကီရာ Pregio မှာ (၁၃၅) သိန်း၊ ကီရာ Bongon III Coach မှာ သိန်း (၁၅၀) ဈေးရှိကြောင်း သိရပြီး လုပ်ငန်းသုံးအတ်ွက အများဆုံး ဝယ်ယူကြကြောင်း သိရသည်။



အောက်ပိုင်း ကောင်းခြင်းနှင့် ဒီဇယ်ကား ဖြစ်သည့်အတွက် (၅) ရာခိုင်နှုန်း အခွန်ဖြင့် ကောက်ခံပြီးသည့် နောက်ပိုင်း ဈေးနှုန်း သင့်တင့်သဖြင့် အဝယ်များလာခြင်း ဖြစ်ကြောင်း သိရသည်။ (၁၀) ယောက်မှ (၁၅) ယောက်စီး အတွင်းရှိ Mini Bus များကို နံပါတ် အနက်/အနီ မခွဲခြားဘဲ အခွန်ကောက်ရာတွင် ဂျပန်ကား အမျိုးအစားလည်း ပါဝင်ပြီး Toyota Hiace မှာ ဝယ်လိုအားကောင်းကြောင်း သိရသည်။ သို့သော်လည်း အထက်ဖော်ပြပါ ကိုရီးယားကားများနှင့် ဂျပန်ကား ယှဉ်ပါက ဈေးနှုန်းမှာ (၃) ပုံ (၁) ပုံခန့် ကွာခြားပြီး ကိုရီးယား ဈေးကွက်မှာ မြန်မာနိုင်ငံ၏ လိုအပ်ချက်နှင့် ကိုက်ညီကြောင်း ကား Sales Centre ပိုင်ရှင်တစ်ဦးက ပြောခဲ့သည်။ "ကိုရီးယားကားက အောက်ပိုင်း ကောင်းတာရယ်၊ ဒီဇယ်ကားဖြစ်တော့ ပိုကြိုက်ကြတဲ့ သဘောပါ။ ဂျပန်ထဲက Toyota Hiace ကလည်း (၁၂) ယောက်စီးပဲဆိုတော့ အတူတူပဲ ဆိုပေမယ့် ဈေးကွာတယ်။ အဲ့ဒါလည်း Customer က ရွေးတယ်။ ရောင်းကောင်းတယ် ဆိုပေမယ့် ဒီကိုရီးယားကားတွေက ဝယ်တဲ့လူများသလို တင်သွင်း ရောင်းချတဲ့လူကလည်း များတယ်" လို့ ရှင်းပြခဲ့သည်။ Light Truck, City Bus, Mini Bus ဈေးကွက်အား ကိုရီးယားကားများ နေရာယူထားပြီး ကိုရီးယား လုပ်ငန်းရှင်များ ကိုယ်တိုင် ပြည်တွင်း၌ ကုမ္ပဏီ ဖွင့်လှစ် ရောင်းချလာသဖြင့် ပြည်တွင်း ကိုရီးယားကား ရောင်းချသည့် လုပ်ငန်းရှင်များနှင့် ဈေးကွက် အပြိုင်အဆိုင် ဖြစ်လာကြောင်း သိရသည်။


Bongo III,Porter 2,Starex GRX,Grand Starex များဝယ်ယူချင်ပါက N car showroom
PH 09260638997
ကိုဇော်
ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။
Use ကားများဖြစ်ပါတယ်။
Truck ကား များ ၁၂ယောက်စီးများဖြစ်သောကြောင့် ပစ္စည်းတင်ရန် လူကြိုပို့လုပ်ရန် လိုင်းစွဲရန် လုပ်ငန်းသုံးရန်အတွက် အထူးသင့်လျော်ပါတယ်။
မိသားစုများသောသူများလည်း အိမ်စီး အတွက် အဆင်ပြေပါတယ်။
Korea ကားများဟာ ဒီဆယ် ဘယ်မောင်း များဖြစ်သောကြောင့် ဆီကုန်သက်သာပြီး အဆင်ပြေစွာမောင်းနှင်နိုင်ပါတယ်။
Gear box နဲ့ Engine ကို ၆လ (သို့) ကီလိုမီတာ ၁၀၀၀၀ အာမခံပေးပါတယ်။
ကျွန်တော်တို့ဆီမှ ဝယ်ယူသောကားများကို မဝယ်ယူမှီ ဝယ်သူစိတ်တိုင်းကျဖြစ်အောင် ပြုလုပ်ပေးပါတယ်။
Useကားများဖြစ်သောကြောင့် မိမိစိတ်တိုင်းကျဖြစ်အောင် လဲလှယ်ပေးပါတယ်။
ကားပျက် လျင်လည်းအပိုပစ္စည်းပူစရာမလိုပဲ showroomတွင်ဝယ်ယူနိုင်ပါတယ်။
Showroom ပိုင် အရည်းအချင်းပြည့်မှီသောworkshop ဆရာများရှိသောကြောင့် အပြစ်ကိုရှာရာတွင် လျင်မြန်လွယ်ကူစွာ ရှာတွေ့ပြီးပြင်ဆင်နိုင်ပါတယ်
Show roomမှဝယ်ယူသောကားများကို အပိုပစ္စည်း ဝယ်ယူပါက ၁၀ ရာခိုင်နူန်း လျော့ပေးပါတယ်။
ဝယ်ယူသူများ ကိုမိတ်ဆက်ပေး သောအကျိုးဆောင်များကိုလည်း ၂ သိန်းမှ၃ သိန်းခန့်ပေးပါတယ်။
အကျိုးဆောင်ပါတယ်ဆိုတာကိုတော့ မဝယ်မှီအကြောင်းကြားပေးရန်လိုအပ်ပါတယ်။
Useကားဝယ်ပြီး ကားပျက်လျင်စိတ်ညစ်မလိုပဲservice အပြည့်ရနိုင်တဲ့ showroom က ကျွန်တော်တို့ showroomမှာပဲရှိနိုင်ပါတယ်။
ဒါကြောင့် ကားဝယ်မယ်ဆို N car ကိုသတိရလိုက်ပါ.....ok?


No comments:

Post a Comment