Thursday, July 9, 2015
Boston consulting Group Matrix
Star
မြင့်မားသော ဈေးကွက် ရှယ်ယာများ၊ လုပ်ငန်း၏ ထုတ်လုပ်မှုများ ဖြင့် ဈေးကွက်အတွင်း ရပ်တည် နေနိုင်သော အနေအထား ဖြစ်သည်။ သို့ရာတွင်Star အနေအထား တွင် ရောက်ရှိနေသော စီးပွားရေး လုပ်ငန်းအနေဖြင့် မိမိ၏ ဈေးကွက် ပိုင်ဆိုင်မှုကို ဆက်လက် ထိန်း နိုင်ရန်၊ ပြိုင်ဖက် ကုန်စည် အသစ်များ ဈေးကွက် အတွင်း ဝင်ရောက် လာပါက မိမိ ကုန်စည်၏ ရပ်တည် နိုင်မှုကို ထိန်း နိုင်ရန် ငွေကြေး အရင်း အနှီး များစွာ လိုအပ် နေသည်။ Star အနေ အထားတွင် ရောက်ရှိ နေသော စီးပွားရေး လုပ်ငန်းများ သည် ဈေးကွက် ဝေစုများကို ပိုမို ခိုင်မာစွာ ရရှိ စေရန်၊Customer Loyalty ကောင်းစွာ ရရှိ နိုင်ရန် Promotion Tools များကို သုံးခြင်းဖြင့် လည်းကောင်း၊ New Product with existing Brand ကို ဈေးကွက် ကို မိတ်ဆက်ခြင်း စသည် တို့ဖြင့် လည်းကောင်း၊ differentiation Strategy များကို သုံးခြင်း ဖြင့် လည်းကောင်း ဈေးကွက် ဝေစု (Market Share) များကို ထိန်း ထားနိုင်သည်။ သို့ရာတွင် Star အနေ အထားတွင် ရောက်ရှိပြီး ဖြစ်သောကြောင့် အထက် ဖော်ပြပါ လုပ်ဆောင်ချက်များ လုပ်ဆောင်ခြင်း မရှိပါက Star အနေအထားမှ တခဏအတွင်း Cash Cow သို့မဟုတ်Question Mark အနေအထားသို့ ရောက်ရှိ သွားနိုင်သည်။ ထို့ပြင် ဈေးကွက် ယှဉ်ပြိုင်မှု များပြားသော ယနေ့ ခေတ် စီးပွားရေး အသွင် သဏ္ဍန်သည် ဈေးကွက်ကို အစဉ်မပြတ် လေ့လာကာ Opportunity များကို ရှာဖွေ နိုင်ရန် လိုအပ်သည်။ သို့မဟုတ် ပါက လုပ်ငန်း ရပ်တည် နိုင်မှု သက်တမ်း (Life of Business' survival) တိုတောင်း သွားမည် ဖြစ်သည်။
Cash Cow
Market Share ကောင်းစွာ ရရှိ နေသော်လည်း Market Growth Rate မှာမူ နည်းနေ ပေသည်။ စီးပွားရေး လုပ်ငန်း၏ တိုးတက်မှုများ ရပ်ဆိုင်း သွားသည့် အခြေ အနေတွင် Star နေရာတွင် ရပ်တည် နေသော လုပ်ငန်း၏ အနေအထား များ အားလုံးသည် Cash Cow အနေ အထားသို့ ရောက်ရှိ သွားပေ လိမ့်မည်။ ယခု အနေ အထား တွင် ရှိသော စီးပွားရေး လုပ်ငန်း အနေဖြင့် Marketing Activities များ အတွက် ကုန်ကျ စရိတ်မှာ လွန်စွာ မြင့်မား သည့် အနေ အထားတွင် မရှိပေ။ သို့ဖြစ်ရာ ဈေးကွက် အတွင်း မိမိ ကုန်စည်ကို ဝယ်ယူ ကြသော စားသုံးသူ များအား ရေရှည် သုံးစွဲမှု (Brand Loyalty) ဖြစ်စေရန် လုပ်ငန်း အနေဖြင့် ထပ်မံ ရင်းနှီး မြှပ်နှံမှုများ ပြုလုပ် ရမည်။ ဆိုလိုရင်း မှာ လုပ်ငန်းမှ ရရှိပြီး ဖြစ်သော Market Share ကို ကာကွယ်ရန် ဖြစ်သည်။ Star မှ Cash Cow သို့ ရောက်ရှိ သွားသော စီးပွားရေး လုပ်ငန်းသည် ဈေးကွက်အတွင်း မိမိ၏ ပြိုင်ဖက် ကုန်စည်က ကောင်းစွာ ထိုးဖောက် နေရာယူ တာလား၊ မိမိ ကုန်စည်ကို customer များက လက်မခံ တော့တာ လား။ customer များက မိမိ ကုန်စည်ကို စိတ်ဝင်စားမှု၊ ယုံကြည်မှုများ လျော့နည်း သွားလို့လား၊ အထူး သဖြင့် ဈေးကွက်က မိမိ ကုန်စည်ကို လက်မခံ နိုင်သည့် အကြောင်းရင်း များကို ကောင်းစွာ လေ့လာ ဆန်းစစ် နိုင်ရန် လိုအပ် သည်။
Question Mark
Market Growth Rate မြင့်တက် နေသော်လည်း ကျဆင်း နေသော စီးပွားရေး လုပ်ငန်း များသည် ဈေးကွက် အတွင်း ယှဉ်ပြိုင်မှုများ လွန်စွာ မြင့်တက် နေခြင်း ကြောင့် ဖြစ်သည်။ ထို့ကြောင့် စီးပွားရေး လုပ်ငန်းများ အနေဖြင့် မိမိ လုပ်ငန်း၏ အလားအလာ ကောင်းသည် ဟု ယူဆပါက ရင်းနှီး ငွေများ ပိုမို သုံးစွဲ၍ Market Share မြင့်တက် လာစေရန် ဆောင်ရွက် ရမည်။
Dogs
Market Share နှင့် Market Growth Rates နှစ်ခုစလုံး တပြိုင်တည်း ကျဆင်း နေသော အနေအထားတွင် စီးပွားရေး လုပ်ငန်း အနေ ဖြင့် နောက်ထပ် ရင်းနှီး မြှုပ်နှံမှု များ ပြုလုပ်ရန် မသင့်သည့် အနေအထား ဖြစ်သည်။ သို့ဖြစ်ရာ ထို ကုန်စည်ကို ဈေးကွက်မှ နုတ်ထွက် စေရ သည်။ ဆိုလို တာက ကုန်စည်ကို ဈေးကွက်မှ နုတ်ထွက် ရန်သာ ဖြစ်ပြီး လုပ်ငန်း တစ်ခုလုံး ကို နုတ်ထွက်ရန် မလိုအပ် ပါ။ ထို ကုန်စည် ကိုပင် Brandပြောင်းတာမျိုး၊ Package တွေပြောင်းပြီး ဈေးကွက်ကို ပြန်လည် ထိုးဖောက်ခြင်း မျိုးလည်း ပြုလုပ် နိုင်ပါသည်။
Marketer တစ်ယောက်အနေနဲ့ Boston Group Matrix တစ်ခုတည်း ကို ကျင့်သုံးရုံနဲ့ Market Leader တစ်ယောက် ဖြစ်ရန် မလွယ်ကူ ပါ။ ထို Matrix ကို Product -Market Growth Matrix နှင့် ယှဉ်တွဲ ကျင့်သုံးရန် လိုအပ် သည်။
ဆက်လက် တင်ပြပါမည်။
Posted by : certain condition cube Posted @ 8:39 AM
1 comment:
စာပေအမျိုးအစား: Marketing
Friday, August 22, 2008
Marketing Mix ဆိုတာ ဒီလိုပါ-- အပိုင်း (၅)
အပိုင်း (၄) မှာ ဖော်ပြခဲ့သလို ဈေးကွက်အတွင်း ကိုယ့် Product ရဲ့ ကြော်ငြာဟာ Product ရဲ့ Information ကို အတိအကျ ပေးနိုင်ရန် လိုအပ်ပါတယ်။ ကြော်ငြာတွေကြောင့် Product ရဲ့ ရောင်းအားတွေ တက်စေနိုင်သလို ရောင်းအားတွေ ကျဆင်းသွားတဲ့ အခါမျိုးလည်း ရှိသင့်ပါတယ်။ ကြော်ငြာလုပ်ငန်းတွေ ခေတ်စားလာချိန်မှာ ကြော်ငြာအပေါ် ဝေဖန်မှုအမျိုးမျိုး ပေါ်ခဲ့ပါတယ်။ အချို့ဆိုရင် ကြော်ငြာတာဟာ လိမ်လည်မှု ပုံစံတစ်မျိုးဟူ၍ စွပ်စွဲခြင်းမျိုးလည်း ရှိပါတယ်။ Advertising ကနေ Product ရဲ့ information ကို အပြည့်အ၀နဲ့ ထိရောက်စွာ ပေးနိုင်တဲ့အတွက် ဈေးကွက်တုန့်ပြန်မှု ကောင်းစွာ ရရှိသွားစေတာမျိုးလည်း ရှိပါတယ်။
Appeton Teengrow ကြော်ငြာလေးကို လူတိုင်းနီးပါး ကြည့်ဖူးလိမ့်မယ်လို့ ထင်ပါတယ်။ ဒီကြော်ငြာမှာ သူပေးချင်တဲ့ Information က ဒီဆေးကို သောက်ရင် ဆယ်ကျော်သက်တွေ အရပ်ရှည် ဖွံ့ ဖြိုးမှုတွေ ရမှာ ဖြစ်ပါတယ်။ ကြော်ငြာကလည်း Information ကို အတိအကျ ပုံဖော်ပေးနိုင်ပါတယ်။ ကပွဲသွားပြီး Gentle Man တစ်ယောက်နဲ့ တွဲပြီးကဖို့ စိတ်ကူးယဉ်နေတဲ့ အမျိုးသမီးလေးဆီ ရောက်လာတဲ့သူက လူပုလေးရယ်ပါ။ နောက်တော့ ဆေးရဲ့ အာနိသင်တွေနဲ့ Gentle Man ဖြစ်သွားတာကို ပုံဖော်ထားတာပါ။
ကြော်ငြာလေးရဲ့ ထိရောက်မှုက ဈေးကွက်ထဲမှာ ဆေးရဲ့ ရောင်းလိုအားတွေ အတိအကျကို တက်ခဲ့တာပါ။ (ကျွန်တော် ကိုယ်တိုင်က ဆေးဈေးကွက်နဲ့ မစိမ်းတော့ ဆေးရဲ့ ရောင်းလိုအားကို သိတာပါ။) ဘယ်လောက်တောင် ကြော်ငြာက ထိရောက်ခဲ့သလဲဆိုတော့ ၁၀တန်းတက်နေသူတွေ (အထူးသဖြင့် မိန်းကလေးတွေပါ) ဆေးကို ၀ယ်သောက်ခဲ့ပါတယ်။ ၁၀တန်းဆိုတာ စာလည်းများပြီး အရေးလည်းကြီးတော့ လူတိုင်းက အားဆေးတွေ ဆိုရင် ရွေးချယ်ပြီးမှ သောက်ပါတယ်။ ဆေးရဲ့ side effect နဲ့ အိပ်ချင်တာတွေကိုလည်း သတိထားပါတယ်။ ဒါပေမယ့် အသက်၁၈နှစ်ကျော်သွားရင် ဆေးကို သောက်လို့ မရတော့ဘူးဆိုတော့ ၁၀တန်းဖြစ်လည်းဝယ်သောက်ပါတယ်လို့ ဆေးဈေးကွက်နဲ့ နီးစပ်သူ တစ်ဦးက ပြောကြားခဲ့ပါတယ်။ ကြော်ငြာက Information ကို ထိရောက်စွာ ပေးနိုင်ခဲ့ခြင်း၏ အကျိုးသက်ရောက်မှုပါ။
နိုင်ငံခြားက ကြော်ငြာကိုး။ ကောင်းတာပေါ့လို့ ပြောကြမှာပါ။ မြန်မာပြည်က အချို့သော ကြော်ငြာများသည်လည်း Information ကို ကောင်းစွာ ပေးနိုင်ပါတယ်။ အနည်းအပါးထဲက တစ်ခုအဖြစ် မြန်မာလေညှင်း company က ကြော်ငြာတဲ့ Now How တံဆိပ် Cosmetic ကြော်ငြာလေးကို သုံးသပ်ကြည့်ရအောင်ပါ။ ကြော်ငြာကို မတင့်နဲ့ အူဝဲက ကြော်ငြာတာပါ။ ကြော်ငြာမှာ Music ကိုတအားမသုံးဘဲ Product ရဲ့ information ကို ပေါ်လွင်အောင် ကြော်ငြာတာပါ။ Now How နှုတ်ခမ်းနီ- စိုပြီး အိနေတာပဲ လို့ စကားသံ ပေါ်တဲ့အခါ နှုတ်ခမ်းတစ်ဝိုက်ကိုပဲ ပုံဖော်ခဲ့တာပါ။ Cosmetic တွေကိုလည်း အမျိုးအစား စုံလင်အောင် ဖော်ပြပေးထားပါတယ်။ ကျွန်တော်ဆိုရင် မိတ်ကပ်ဘူးတွေ၊ cream park ဘူးတွေ၊ နှုတ်ခမ်းနီဘးတွေ ပြတဲ့အချိန်မှာ လိုချင်သွားပါတယ်။ cream park ဘူးဆိုရင် မိတ်ကပ်သားက အ၀ါနုရောင်လေးကို တအားမှတ်မိသွားပါတယ်။ နောက်နေ့ သွားဝယ်ဖြစ်တဲ့ အထိပေါ့။ Now How Comestic Group က ယနေ့ခေတ်ပျိုမေတွေကြားမှာ အတော်ကလေး နာမည်ကြီးတယ်လို့ ပြောလို့ရပါတယ်။ ဒီကြော်ငြာလေးမှာ Model နဲ့ Music ကို ဦးစားမပေးဘဲ Product ရဲ့ Information ကို ပေါ်လွင် အောင် သရုပ်ဖော်ထားတာပါ။ ဒါကြောင့် ထိုင်းနိုင်ငံကနေ စတင်တင်သွင်းပြီး အချိန်တိုတိုအတွင်း ဈေးကွက်တစ်ခု ဖော်ဆောင်သွားနိုင်တာပါ။
အခုဆိုရင် ကြော်ငြာခြင်းရဲ့ အားသာချက်နဲ့အတူ ကြော်ငြာတစ်ခုရဲ့ လွမ်းမိုးနိုင်မှု၊ သတင်းအချက်အလက် ပေးနိုင်မှု၊ ဈေးကွက်တုန့်ပြန်နိုင်မှုတွေကို လက်လှမ်းမီသရွေ့၊ နားလည်သရွေ့ တင်ပြထားတာပါ။ Marketing သဘောတရားတွေက ကျယ်ပြန့်တော့ ကျွန်တော့် အယူအဆတွေပေါ်မှာ ထပ်မံ ဖြည့်စွက်ဖို့ လေးစားစွာ ဖိတ်ခေါ်ပါတယ်။
Posted by : certain condition cube Posted @ 12:30 PM
1 comment:
စာပေအမျိုးအစား: Marketing
Thursday, August 21, 2008
Marketing Mix ဆိုတာ ဒီလိုပါ-- အပိုင်း(၄)
ဈေးကွက်မိတ်ဆက် - ဈေးကွက်တည်ဆောက် - ဈေးကွက်တိုးချဲ့ - Promotion Mix
ကုန်စည် တစ်ခုကို ထုတ်လုပ်မှုပိုင်း၊ ဈေးနှုန်း သတ်မှတ်ချက်များအရ ပြီးပြည့်စုံသွားချိန်တွင် ဈေးကွက်ကို မိတ်ဆက်ပေးရန် လိုအပ်လာပါသည်။ ဈေးကွက်မိတ်ဆက်မှုများအနေဖြင့် Advertising , Personal Selling, Sale Promotion, Public စသည့်ဖြင့် နည်းလမ်းမျိုးစုံ ကျင့်သုံးနိုင်သည်။ စီးပွားရေးလုပ်ငန်းတိုင်းသည် မိမိတို့ ကုန်စည်မိတ်ဆက်မှုတွင် Promotion Mix များထဲမှ တစ်ခုကောင်း သုံးစွဲ၍ မရနိုင်ပေ။ Mix တစ်ခုစီတိုင်းတွင် အားသာချက်၊ အားနည်းချက်စသည်ဖြင့် ယှဉ်တွဲနေပေရာ လိုအပ်သလို စီစဉ်သုံးစွဲတတ်ရန် လိုအပ်သည်။
ADVERTISING
ကုန်စည်တစ်ခုကို Advertising လုပ်ခြင်းဖြင့် မိမိကုန်စည်သည် ဈေးကွက်တွင်ရောက်ရှိနေကြောင်း ကြော်ငြာခြင်းဖြင့် သိရှိစေနိုင်သည်။ ဤတွင် Advertising ၏ အားသာချက်အဖြစ် အချိန်တိုတိုအတွင်း ကုန်ကျစရိတ်သက်သာစွာဖြင့် မြောက်များစွာသော Customer တို့ထံ သတင်းအချက်အလက်ကို ပေးနိုင်သည်။ ကြော်ငြာရာတွင် ရုပ်မြင်သံကြား၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းစသည့်ဖြင့် ကြားခံများစွာကို အသုံးပြုနိုင်သည်။ ဤတွင် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များသည် ကြော်ငြာကဏ္ဍတွင် အားသာချက်များရှိနေသည်။ ( တီဗွီ ဖန်သားပြင်မှ ထုတ်လွှင့်နေသော Channel နည်းခြင်း (အခြားသော နိုင်ငံများတွင် ထုတ်လွှင့်သော Channel များစွာရှိခြင်း၊ လူကြိုက် များသော Channel ကို ရွေးချယ်ပါ ၀န်ဆောင်ခ ပိုပေးရခြင်း)၊ ကိုရီးယား၊ တရုတ် ဇာတ်လမ်းတွဲများကို စဉ်ဆက်မပြတ် ထုတ်လွှင့် ပေးနေခြင်း၊ မြန်မာ ပရိတ်သတ်များသည် ဇာတ်လမ်းတွဲများကို စိတ်ရှည်စွာ စောင့်ဆိုင်း ကြည့်ရှုခြင်း စသည့် အားသာ ချက်များ ဖြစ်သည်။)
သို့ဆိုလျှင် Advertising ၏ အားနည်းချက်ကား Customers များထံမှ မိမိကုန်စည်နှင့် ပတ်သက်သော Feed Backကို လျှင်မြန်စွာ မရခြင်းတို့ပင် ဖြစ်သည်။ Advertising တွင် အားသာချက် များစွာ ရှိသော်လည်း Advertising Strategy သုံးစွဲမှုတွင် အနည်းငယ်သော လိုအပ်ချက် များကြောင့် ကုန်စည်၏ သတင်း အချက်များကို လွှမ်းမိုးခြင်း ခံလိုက်ရသည်။ သို့ဖြစ်ရာ Marketer များအနေဖြင့် မိမိကုန်စည်ကိုေ၀၀ါး သွားစေတတ်သော လွှမ်းမိုးမှု များကို ကြိုတင် တွက်ဆကာ ကောင်းမွန် ပြည့်စုံသည့် Advertising မျိုးဖြစ်စေရန် လုပ်ဆောင် လိုအပ်လှသည် (ကြော်ငြာခြင်းကို ၀င်ရောက် ဆုံးဖြတ်နိုင်လျှင်)။ ကျွန်တော် ဆိုလိုရင်းများ ပိုမို ရှင်းလင်းမှု ရှိစေရန် သာဓက အချို့ကို တင်ပြ လိုက်ပါသည်။
လွန်ခဲတဲ့ သုံးလေးနှစ် လောက်တုန်းက ကြော်ငြာတစ်ခုကို အများစု မှတ်မိကြပေလိမ့်မည်။ ထိုကြော်ငြာမှာ ထက်ထက်မိုးဦး (မြန်မာပြည် ကြော်ငြာ လောကတွင် ထိပ်တန်းမှ ဦးဆောင်နိုင်ခဲ့သူ) နှင့် ကြော်ငြာသော Aphrodite Cosmetic ကြော်ငြာဖြစ်ပါသည်။ ထိုကြော်ငြာကို ပြန်စဉ်းစား ကြည့်လျှင် Cosmetic အမျိုးအစား မည်မျှ ကြော်ငြာခဲ့သည်။ ဘယ်လို Cosmetic များကို ကြော်ငြာ တာလဲ။ ခေါင်းလိမ်းဆီ လား၊ ရေမွှေး လား၊ Make-up လား စသည်ဖြင့် မမှတ်မိစွာ ဖြစ်ရသည်။ ဒါပေမယ့် ကောင်းစွာ မှတ်မိနေတာ တစ်ခုက ကြော်ငြာတုန်းက ထက်ထက်မိုးဦး လက်မှာ ၀တ်ထားတဲ့ စိန်လက်စွပ်ပါပဲ။ အရမ်းလှလို့ပါ။ နောက်ပြီးတော့ လက်သည်းနီ နက်ပြာရင့်ရင့် သူစပြီးဆိုးတာ၊ လှလွန်းလို့ နောက်တစ်ကြိမ် ကြော်ငြာ လာတိုင်း စောင့်ပြီးကြည့်ရတာ Aphrodite Cosmetic တွေ မဟုတ်ပါဘူး။ လက်စွပ်နဲ့ လက်သည်းနီ ရယ်ပါ။ စာဖတ်သူ တွေလည်း မိမိကိုယ်ကို အားမနာတမ်း ဝေဖန်ကြည့်ပါ။ မှတ်မိနေတာ ဘာတွေလဲ --- Cosmetic အမျိုးအစား တွေလား။ ဆိုလိုချင်တာက ကြော်ငြာတစ်ခု ဖန်တီးတော့မယ်ဆိုရင် ကိုယ့်Product ရဲ့ Information ကို ဖုံးလွှမ်း သွားစေမယ့်၊ မှေးမှိန် သွားစေတာ မျိုးတွေကို ရှောင်နိုင်ရပါမယ်။
နောက်တစ်ခုက Spa ဆပ်ပြာကြော်ငြာပါ။ အားလုံး သိနိုင် လိမ့်မယ်လို့ ထင်ပါတယ်။ Spa ဆပ်ပြာဟာ အသီးနဲ့ အပြင် အပွင့် နဲ့ပါ ထုတ်ထားတာပါ။ အစင်းလေးတွေ ပါတယ်လို့ သိရပါတယ်။ အနံ့လေးက အတော်မွှေးပါတယ်။ အဲဒီကြော်ငြာ ကြေငြာတုန်းက စိုင်းစိုင်းက ရေချိုးခန်းထဲမှာ ရေချိုးနေရင်း ကြော်ငြာ တဲ့ပုံပါ။ ရေချိုးခန်းထဲမှာ ဆပ်ပြာအမြှုပ်တွေက ပခုံး၊ လည်ပင်းနဲ့ လက်ထဲမှာပေါ့ ။ အဲဒီအချိန်မှာ လူအများ စိတ်ဝင်စားတာက ဆပ်ပြာရဲ့ပုံစံ၊ အရောင်၊ အမျိုးအစား ဒါတွေမဟုတ်ပါဘူး။ စိုင်းစိုင်းရဲ့ လည်ပင်းပေါ်က ပလက်တီနမ် ဆွဲကြိုး ကိုပါ။ ပခုံးပေါ်က အမြှပ်တွေ အမြန်လျှောကျ ပါစေလို့ အများက ဆန္ဒရှိကြမှာပါ။ ဘာလို့လဲဆိုတော့ ဆပ်ပြာတွေကျသွားရင် လည်ပင်း ပေါ်က ဆွဲကြိုးမှာ လက်စွပ်မောင်းကွင်းလေး ရှိ၊ မရှိ ကြည့်ချင်တာပါ။ ဘာလို့လဲဆိုတော့ စိုင်းစိုင်းရဲ့ ၀မ်းနည်း မှတ်တမ်း ထဲမှာက လက်စွပ်ကို လက်မှာ မ၀တ်တော့ပဲ ဆွဲကြိုးမှာ ပြောင်းဆွဲမယ်လို့ ပြောခဲ့လို့ပါ။ ဒါပေမယ့် ကံဆိုးစွာနဲ့ ကြော်ငြာဆုံးသွားတဲ့ အထိ ဆပ်ပြာမြှပ်တွေ ကျမသွားလို့ လက်စွပ်ရှိ မရှိ မသိဒါဟာ ထူးဆန်းစွာ တိုက်ဆိုင်သွားတာ ဖြစ်နိုင်ပါတယ်။ တော်တဲ့ Marketer လည်း သတိလွတ် သွားနိုင်ပါတယ်။ ဒါကြောင့် Advertising လုပ်တဲ့အခါ Product ကိုဦးစားပေးတာမျိုး ဖြစ်သင့်ပါတယ်။ သီချင်း၊ မော်ဒယ် တွေကို ဦးစားပေးလွန်းရင် Product ရဲ့Information တွေကို ပျောက်ကွယ် သွားစေနိုင်ပါတယ်။
နောက် post မှာ Product ရဲ့ Information ကို ပေါ်လွင်စေတဲ့ ကြော်ငြာတွေကို တင်ဆက်ပါမယ်။
ဆက်လက်ဖော်ပြပါမည်။
Bongo III,Porter 2,Starex GRX,Grand Starex များဝယ်ယူချင်ပါက N car showroom
PH 09260638997
ကိုဇော်
ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။
Use ကားများဖြစ်ပါတယ်။
Truck ကား များ ၁၂ယောက်စီးများဖြစ်သောကြောင့် ပစ္စည်းတင်ရန် လူကြိုပို့လုပ်ရန် လိုင်းစွဲရန် လုပ်ငန်းသုံးရန်အတွက် အထူးသင့်လျော်ပါတယ်။
မိသားစုများသောသူများလည်း အိမ်စီး အတွက် အဆင်ပြေပါတယ်။
Korea ကားများဟာ ဒီဆယ် ဘယ်မောင်း များဖြစ်သောကြောင့် ဆီကုန်သက်သာပြီး အဆင်ပြေစွာမောင်းနှင်နိုင်ပါတယ်။
Gear box နဲ့ Engine ကို ၆လ (သို့) ကီလိုမီတာ ၁၀၀၀၀ အာမခံပေးပါတယ်။
ကျွန်တော်တို့ဆီမှ ဝယ်ယူသောကားများကို မဝယ်ယူမှီ ဝယ်သူစိတ်တိုင်းကျဖြစ်အောင် ပြုလုပ်ပေးပါတယ်။
Useကားများဖြစ်သောကြောင့် မိမိစိတ်တိုင်းကျဖြစ်အောင် လဲလှယ်ပေးပါတယ်။
ကားပျက် လျင်လည်းအပိုပစ္စည်းပူစရာမလိုပဲ showroomတွင်ဝယ်ယူနိုင်ပါတယ်။
Showroom ပိုင် အရည်းအချင်းပြည့်မှီသောworkshop ဆရာများရှိသောကြောင့် အပြစ်ကိုရှာရာတွင် လျင်မြန်လွယ်ကူစွာ ရှာတွေ့ပြီးပြင်ဆင်နိုင်ပါတယ်
Show roomမှဝယ်ယူသောကားများကို အပိုပစ္စည်း ဝယ်ယူပါက ၁၀ ရာခိုင်နူန်း လျော့ပေးပါတယ်။
ဝယ်ယူသူများ ကိုမိတ်ဆက်ပေး သောအကျိုးဆောင်များကိုလည်း ၂ သိန်းမှ၃ သိန်းခန့်ပေးပါတယ်။
အကျိုးဆောင်ပါတယ်ဆိုတာကိုတော့ မဝယ်မှီအကြောင်းကြားပေးရန်လိုအပ်ပါတယ်။
Useကားဝယ်ပြီး ကားပျက်လျင်စိတ်ညစ်မလိုပဲservice အပြည့်ရနိုင်တဲ့ showroom က ကျွန်တော်တို့ showroomမှာပဲရှိနိုင်ပါတယ်။
ဒါကြောင့် ကားဝယ်မယ်ဆို N car ကိုသတိရလိုက်ပါ.....ok?
Subscribe to:
Post Comments (Atom)
No comments:
Post a Comment