Thursday, July 9, 2015
Volkswagen Passat 2.0 TDI Injector
ဒီကားရဲ့ရာဇဝင်ကတော့ အရင်တစ်ပတ်လောက်က စက်နှိုးရခက် နေလို့ အသိ shop တစ်ခုမှာဆီတိုင်ကီထဲက Low Pump အသစ်လဲထား တာပါ။ ဒီကားပိုင်ရှင်က ကျွန်တော်တို့မိတ်ဆွေမဟုတ်ဘဲ အသိ Shop ရဲ့ Customer ပါ။ သူတို့ချင်းခင်ကြတော့ Low Pump ကို Volkswagen Pump နဲ့မလဲဘဲ တခြားကားတစ်စီး Pump နဲ့ အစားထိုးပြီးလဲကြတယ်။
Customer ကလည်း Volkswagen Pump က ဈေးကြီးတော့ Korea ကားတစ်စီးရဲ့ Pump နဲ့လဲဖို့ သဘောတူကြပြီး စမ်းကြည့်တော့ ကောင်းသွားတာနဲ့ စီးနေရင်းကနေ Highway မှာ စက်ထိုးရပ်သွားပြီး ပြန်နှိုး လို့လုံးဝမရတော့ပါဘူး။ ဒါနဲ့ Pump အသစ်လဲထားတဲ့ မိတ်ဆွေရဲ့ Shop ကို ကားဆွဲလာပြီးစမ်းသပ်ကြရင်း စက်နှိုး ကြတာ Starter Motor တောင်လောင်သွား တယ်။ Starter Motor အသစ်လဲပြီး ပြန်စမ်းကြပေမယ့် စက်မနှိုးလို့ ကျွန်တော်တို့ Shop ကို ဆွဲလာတာပါ။
သူတိှု့Scanner နှစ်လုံးနဲ့စစ်ကြ တော့ Boost pressure Sensor code ပြတယ်။ ဒါလည်းအသစ်လဲလာပြီးပြီ။ ကျွန်တော်တို့ VW Scanner နဲ့စစ်ကြည့် တော့ Red Color နဲ့ Fault Code ၄ ခုပေါ် လာတယ်။ အောက် ၃ ခုကတော့ စက်မနိုးတာနဲ့မသက်ဆိုင်ပါဘူး။ ဒုတိယက ABS Module ၊ တတိယက Front LHမှန် Motor Module နဲ့ အောက်ဆုံးက Front RHမှန်Motor Moduleဆိုပြီးပေါ် နေတယ်။
အပေါ်ဆုံးက CRDI Pump Injector Control ဆိုပြီး Part No: ပါပေါ် လာပါတယ်။ “ECU” ပါပဲ။ သေချာ အောင် Pump Pressure Control Valve နဲ့ Injector တွေကိုအဝင် ECU ကလာတဲ့ Signal တွေစစ်ကြည့်တော့ လုံးဝမလာပါဘူး။ ECU လောင် သွားတာပါ။ ECU လောင်သွားရတဲ့ မူရင်းအပြစ်ကတော့ ၁၀ဝ% လို့ မပြောနိုင်ပေမယ့် ၉၀% တိုင်ကီထဲက Pump ကို Part မတူတာနဲ့ အသစ်လဲလိုက်လို့ပါ။ Europe ကားတွေမှာ Electric ပိုင်းနဲ့ဆက်စပ်နေတဲ့ အပိုင်းတွေကို ပြုပြင်အစားထိုးရင် Resistance နဲ့ Ampere မတူတာထည့်လို့မရပါဘူး။
တချို့ကားတွေဆိုရင် Wire ဖြတ်ပြီးအစားထိုးရင်တောင် error message ပေါ်နေတတ်တယ်။ ဒီကားကိုတော့ ကျွန်တော်တို့ Customer မဟုတ်တဲ့အတွက် အပြစ်ကိုကူရှာပေးပြီးသူတို့ Shop မှာပဲ ECU အသစ်လဲ ဖို့ပြန်ဆွဲသွားပြီး ECU used ဝယ်ပြီးလဲလိုက်တာအဆင်ပြေသွားတယ် ပြောပါတယ်။
ဒီ Volkswagen Passat CRDI PIEZO ကားရဲ့အဖြစ်အပျက်ကိုအခြေခံပြီး ကျွန်တော့်မိတ်ဆွေ Car Mechanic များနဲ့ Car Owner များကိုအကြံပြု ချင်တာကတော့ Europe ကားတွေရဲ့ Electric ပိုင်းနဲ့ဆက်စပ်တဲ့ အစိတ်ပိုင်းတွေ ပြုပြင်ရာမှာအတတ်နိုင်ဆုံး Part No: တူတာ အစားထိုးအသုံးပြု ကြဖို့ အတွေ့အကြုံလေးတွေကို စေတနာနဲ့ Share ပေးလိုက်ပါတယ်။
Bongo III,Porter 2,Starex GRX,Grand Starex များဝယ်ယူချင်ပါက N car showroom
PH 09260638997
ကိုဇော်
ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။
Use ကားများဖြစ်ပါတယ်။
Truck ကား များ ၁၂ယောက်စီးများဖြစ်သောကြောင့် ပစ္စည်းတင်ရန် လူကြိုပို့လုပ်ရန် လိုင်းစွဲရန် လုပ်ငန်းသုံးရန်အတွက် အထူးသင့်လျော်ပါတယ်။
မိသားစုများသောသူများလည်း အိမ်စီး အတွက် အဆင်ပြေပါတယ်။
Korea ကားများဟာ ဒီဆယ် ဘယ်မောင်း များဖြစ်သောကြောင့် ဆီကုန်သက်သာပြီး အဆင်ပြေစွာမောင်းနှင်နိုင်ပါတယ်။
Gear box နဲ့ Engine ကို ၆လ (သို့) ကီလိုမီတာ ၁၀၀၀၀ အာမခံပေးပါတယ်။
ကျွန်တော်တို့ဆီမှ ဝယ်ယူသောကားများကို မဝယ်ယူမှီ ဝယ်သူစိတ်တိုင်းကျဖြစ်အောင် ပြုလုပ်ပေးပါတယ်။
Useကားများဖြစ်သောကြောင့် မိမိစိတ်တိုင်းကျဖြစ်အောင် လဲလှယ်ပေးပါတယ်။
ကားပျက် လျင်လည်းအပိုပစ္စည်းပူစရာမလိုပဲ showroomတွင်ဝယ်ယူနိုင်ပါတယ်။
Showroom ပိုင် အရည်းအချင်းပြည့်မှီသောworkshop ဆရာများရှိသောကြောင့် အပြစ်ကိုရှာရာတွင် လျင်မြန်လွယ်ကူစွာ ရှာတွေ့ပြီးပြင်ဆင်နိုင်ပါတယ်
Show roomမှဝယ်ယူသောကားများကို အပိုပစ္စည်း ဝယ်ယူပါက ၁၀ ရာခိုင်နူန်း လျော့ပေးပါတယ်။
ဝယ်ယူသူများ ကိုမိတ်ဆက်ပေး သောအကျိုးဆောင်များကိုလည်း ၂ သိန်းမှ၃ သိန်းခန့်ပေးပါတယ်။
အကျိုးဆောင်ပါတယ်ဆိုတာကိုတော့ မဝယ်မှီအကြောင်းကြားပေးရန်လိုအပ်ပါတယ်။
Useကားဝယ်ပြီး ကားပျက်လျင်စိတ်ညစ်မလိုပဲservice အပြည့်ရနိုင်တဲ့ showroom က ကျွန်တော်တို့ showroomမှာပဲရှိနိုင်ပါတယ်။
ဒါကြောင့် ကားဝယ်မယ်ဆို N car ကိုသတိရလိုက်ပါ.....ok?
Subscribe to:
Post Comments (Atom)
No comments:
Post a Comment