Tuesday, July 7, 2015




Swift ဆိုတာက နိုင်ငံတကာ ဈေးကွက် အနေနဲ့ပါ ပြောရမယ် ဆိုရင် Suzuki ရဲ့ ကယ်တင်ရှင် မော်ဒယ်တခုပါ။
အကြောင်း ကတော့ တခြား ကုမ္ပဏီထုတ် မော်ဒယ်တွေက ဈေးကွက်မှာ ဒီလောက်ကြီး အောင်မြင်မှု မရသလို
Suzuki ကိုယ်တိုင်က ဈေးကွက်မှာ နေရာရမယ်လို့ မျှော်မှန်းထားတဲ့ Alto တောင်မှ Swift လောက် အောင်မြင်
မှု မရတာကြောင့် ဖြစ်ပါတယ်။

ကောင်းပါပြီ၊ ဒါဆို ပြည်တွင်းဈေးကွက်မှာရော Swift က နေရာရရဲ့လား၊ ဟုတ်ကဲ့၊ ရပါတယ်။ ပြည်တွင်းအနေအ
ထားမှာတော့ Suzuki ရဲ့ အအောင်မြင်ဆုံး မော်ဒယ်က Swift ပါ။ Swift က ဘယ်နေရာကြည့်ကြည့် တွေ့နေရ
တဲ့ မော်ဒယ်လ်တခု ဖြစ်လာပါတယ်။

ဘာဖြစ်လို့ပါလဲ၊ အဖြေကတော့ ရိုးရိုးလေးပါ။ မော်ဒယ်က ဆွဲဆောင်မှုကောင်းလို့၊ ဒါကြောင့် ဝယ်မယ့်သူက မော်
ဒယ်လ်ကို လေ့လာဖြစ်တယ် နောက်တဆင့် ဈေးနှုန်းသက်သာလို့ ဝယ်တဲ့သူက ကားဈေးတွေ ဆက်တိုက်ကျနေ
တာကြောင့် ငွေအများကြီး မသုံးချင်ဘူး။ ဒီမှာလည်း Swift က တန်ကြေး နည်းနည်းနဲ့ ရနိုင်တော့ ဝယ်မယ့် သူက
ထပ်ပြီး စိတ်ဝင်စားသွားပြန်ပြီ။

နောက်တချက် ထပ်စဉ်းစားလိုက်တယ်။ အင်ဂျင်ပိုင်း၊ မော်ဒယ်လ်ရဲ့ တန်ကြေးနည်းနေရုံနဲ့ မပြီးသေးဘူး၊ အင်ဂျင်
ပိုင်း အရွယ်သေးမယ်ဆိုရင် အခွန်လျှော့ ထားသေးတဲ့ အတွက် စရိတ်ပိုပြီး သက်သာမယ်မဟုတ်လား။ ဒီတချက်
လည်း Swift က အားသာ သွားပြန်ပြီ။ ၁ ဒသမ ၃ လီတာသုံး အင်ဂျင် တပ်ဆင် ထားတာ ဆိုတော့ အခွန့်လျှော့
ထားတဲ့ အခြေအနေနဲ့ သွားပြီးကိုက်နေပြန်တယ်။

ဒါဆိုရင်တော့ ကားလှလှလေးကို ဈေးနည်းနည်းနဲ့ဝယ်ဖို့ စဉ်းစားနေပါပြီ ဒါပေမယ့် နေဦးဗျ။ လှတာမက်လို့ ညစာ
ခက်နေဦးမယ်။ ဒါကြောင့် ဝယ်မယ့်သူက အရည်အသွေးပိုင်း စိတ်ချရမှု ရှိ၊ မရှိကို စုံစမ်းတယ်။ ဈေးကွက်မှာ ပြိုင်
ဘက်လို့ ဆိုနိုင် မယ့် Mazda ထဲ ကဆို Demio ၊ Toyota ထဲက ဆိုရင် Ratics ၊ Honda ထဲကဆိုရင် Fit တွေ
ထက် အားသာချက် ဘယ်လောက်ရှိလဲ၊ စိတ်ချရမှု ဘယ်လောက်ရှိလဲဆိုတာ တချက်တွေးကြည့်တယ်။

မော်ဒယ်နိမ့် Swift တွေ ကတော့ အားနည်းချက် များတယ်။ ဒါပေမယ့် မော်ဒယ် မြင့်တွေ ကတော့ Suzuki ရဲ့
အကောင်းဆုံး ဖန်တီးမှုတွေ တွေ့နေရတယ်။ နောက်ပြီး အစောကပြောတဲ့ မော်ဒယ်သုံးမျိုးထက်ကတော့ စွမ်း
ဆောင်ရည် အပိုင်းမှာရော၊ နောက်ပြီး စိတ်ချရမှုအပိုင်းမှာပါ အားမနည်းတာ တွေ့ရပါတယ်။

ဒါဆို ကြိုက်သွားပြီ။ အဲဒီ မော်ဒယ်သုံးခုထက်လည်း ရုပ်ထွက်ပိုလှတဲ့ Swift ကို ဝယ်သူက စိတ်ကြိုက်တွေ့သွား
ပြီ။ နေဦး၊ တချက်ကျန်နေသေးတယ်၊ ဆင်ဖိုးထက် ချွန်းဖိုးကြီးနေမယ်။ Swift ရဲ့ ဆီစားနှုန်း ဘယ်လောက်ရှိလဲ၊
ဆီစားများလား၊ နည်းလားဆိုတာ စစ်ရဦးမယ်။ ဒါပေမယ့် သိပ်တော့ စိတ်မပူနဲ့။ ရှေ့ဘီးယက်စနစ်နဲ့ လာတယ်၊
အင်ဂျင်ရဲ့ လည်ပတ်နှုန်းရော၊ အရွယ်ပါသေးတယ်၊ ဆီစားက ပြည်တွင်းအနေအထားမှာတော့ အတိအကျပြော
ဖို့ ခက်မယ်။ ဒါပေမယ့် Highway စွမ်းဆောင် ရည်ပါ Swift မှာရှိနေ တာတွေက တန်ကြေးနည်း မော်ဒယ်တခု
အတွက် ပြည့်စုံ လွန်းနေ တာလား။ ဈေးနှုန်းက ကျနော် အကြိုက် အတွေ့မိဆုံး ၂၀၁၁ ခုနှစ် ဝန်းကျင် မော်ဒယ်
ဆိုရင် ၁၂၅ သိန်းဝန်းကျင်မှာ ရှိနေတယ်၊ ဒါပေမယ့် ဈေးက အရောင်နဲ့ Equipment အပေါ်မှာတော့ နည်းနည်း
လေး စကားပြောချင်တယ်။

လင်းထက် (IA)

The Irrawaddy's Blog by thae thae
http://blog.irrawaddy.org/2014/11/suzuki-swift.html

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ဆွဲဆောင်မှု အကောင်းဆုံး ပုံစံနဲ့ Suzuki Swift တွေ ရှိတယ် http://www.simon-vlog.com/2014/11/suzuki-swift.html#ixzz3fEMkfgqb
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook


Bongo III,Porter 2,Starex GRX,Grand Starex များဝယ်ယူချင်ပါက N car showroom
PH 09260638997
ကိုဇော်
ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။
Use ကားများဖြစ်ပါတယ်။
Truck ကား များ ၁၂ယောက်စီးများဖြစ်သောကြောင့် ပစ္စည်းတင်ရန် လူကြိုပို့လုပ်ရန် လိုင်းစွဲရန် လုပ်ငန်းသုံးရန်အတွက် အထူးသင့်လျော်ပါတယ်။
မိသားစုများသောသူများလည်း အိမ်စီး အတွက် အဆင်ပြေပါတယ်။
Korea ကားများဟာ ဒီဆယ် ဘယ်မောင်း များဖြစ်သောကြောင့် ဆီကုန်သက်သာပြီး အဆင်ပြေစွာမောင်းနှင်နိုင်ပါတယ်။
Gear box နဲ့ Engine ကို ၆လ (သို့) ကီလိုမီတာ ၁၀၀၀၀ အာမခံပေးပါတယ်။
ကျွန်တော်တို့ဆီမှ ဝယ်ယူသောကားများကို မဝယ်ယူမှီ ဝယ်သူစိတ်တိုင်းကျဖြစ်အောင် ပြုလုပ်ပေးပါတယ်။
Useကားများဖြစ်သောကြောင့် မိမိစိတ်တိုင်းကျဖြစ်အောင် လဲလှယ်ပေးပါတယ်။
ကားပျက် လျင်လည်းအပိုပစ္စည်းပူစရာမလိုပဲ showroomတွင်ဝယ်ယူနိုင်ပါတယ်။
Showroom ပိုင် အရည်းအချင်းပြည့်မှီသောworkshop ဆရာများရှိသောကြောင့် အပြစ်ကိုရှာရာတွင် လျင်မြန်လွယ်ကူစွာ ရှာတွေ့ပြီးပြင်ဆင်နိုင်ပါတယ်
Show roomမှဝယ်ယူသောကားများကို အပိုပစ္စည်း ဝယ်ယူပါက ၁၀ ရာခိုင်နူန်း လျော့ပေးပါတယ်။
ဝယ်ယူသူများ ကိုမိတ်ဆက်ပေး သောအကျိုးဆောင်များကိုလည်း ၂ သိန်းမှ၃ သိန်းခန့်ပေးပါတယ်။
အကျိုးဆောင်ပါတယ်ဆိုတာကိုတော့ မဝယ်မှီအကြောင်းကြားပေးရန်လိုအပ်ပါတယ်။
Useကားဝယ်ပြီး ကားပျက်လျင်စိတ်ညစ်မလိုပဲservice အပြည့်ရနိုင်တဲ့ showroom က ကျွန်တော်တို့ showroomမှာပဲရှိနိုင်ပါတယ်။
ဒါကြောင့် ကားဝယ်မယ်ဆို N car ကိုသတိရလိုက်ပါ.....ok?

No comments:

Post a Comment