Tuesday, July 7, 2015

ပါကင်ထောက်ခံချက်ဖြင့် တင်သွင်းထားသောယာဉ်များ ပါကင်နေရာတွင် အမှန်တကယ် ရပ်နားခြင်းရှိ ^မရှိစစ်ဆေးမည်


ပါကင်ထောက်ခံချက်ဖြင့် တင် သွင်းထားသောယာဉ်များ ပါကင် တောင်းခံထားသည့် နေရာများတွင် အမှန်တကယ် ရပ်နားထားခြင်းရှိ ^မရှိကို စစ်ဆေးနိုင်ရန် ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (က.ည.န) မှ ယာဉ်ထိန်းရဲတပ်ဖွဲ့သို့ စာရင်းပေးပို့ထားပြီး မကြာမီကာလ အတွင်း စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်)မှ ဒုရဲမှူး ကြီးလင်းထွဋ်က ပြောပြခဲ့သည်။

ယာဉ်တင်သွင်းခွင့် မူဝါဒကို ထိန်းချုပ်နိုင်ရန် ရန်ကုန်လိုင်စင်ဖြင့် Free Permit ကားများတင်သွင်းမှု အတွက် ယာဉ်ပါကင်  ထောက်ခံချက် ပါရှိမှသာ ခွင့်ပြုခြင်းကို (၂၀၁၅) ဇန်န၀ါရီလမှ စတင်ခဲ့ကြောင်း သိရ သည်။ ထို့အတွက် ယာဉ်ပါကင် ထောက်ခံချက် တောင်းယူပြီး တင် သွင်းလာသည့် ယာဉ်အစီးရေမှာ မေလမကုန်မီ ကာလအထိ (၉၂၉) စီး ရှိကြောင်း က.ည.န မှ ယာဉ်ထိန်းရဲ တပ်ဖွဲ့သို့စာရင်းပေးပို့ထားကြောင်း သိရသည်။ စာရင်းပေးပို့ထားသည့် အချက်အလက်များနှင့်တိုက်ဆိုင် စစ်ဆေးမှုကို ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဦးဆောင်ကာ  စစ်ဆေးအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး အခြား ဌာနဆိုင်ရာ အဖွဲ့အစည်းများလည်း ပါဝင်နိုင်ဖွယ်ရှိကြောင်း ဒုရဲမှူးကြီးက ပြောပြခဲ့သည်။

]]စာရင်းပေးပို့ထားတာ ဖြစ်တဲ့ အတွက် ပါကင်တောင်းခံထားနေရာ မှာ အဲ့ဒီယာဉ်တွေတကယ်ရပ် ^မရပ် ဆိုတာ စစ်ဆေးဆောင်ရွက်မှာပါ။ ဥပဒေအရ အရေးယူဆောင်ရွက်မှာ ဖြစ်ပေမယ့် ပြစ်ဒဏ်က ဘယ်လိုဆို တာကို ညှိနှိုင်းပြီးမှ ထုတ်ပြန်ပေးပါ မယ်။  ယာဉ်ထိန်းရဲတပ်ဖွဲ့  အပြင် သက်ဆိုင်ရာအဖွဲ့အစည်းတွေ ပါဝင် ဆောင်ရွက်ဖို့ရှိပါတယ်}} ဟု  ပြော သည်။

အရေးယူဆောင်ရွက်မှုအတွက် ပြစ်ဒဏ်အား ယာဉ်ထိန်းဥပဒေ၊ စည် ပင်ဥပဒေဖြင့် အရေးယူဆောင်ရွက် ရန်ကွဲပြားစွာမသိရသေးဘဲ စိစစ်ရဦး မည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန် မြို့်တွင်း ရပ်နားသောယာဉ်များမှာ ပါကင်တောင်းခံရာတွင် ခရမ်း၊ သုံးခွ၊ သန်လျင်၊ စသည့်နေရာများ၌လည်း ရှိနိုင်သည့်အတွက် လိုအပ်ပါကအဆို ပါနေရာများသို့ ကွင်းဆင်းစစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။


Bongo III,Porter 2,Starex GRX,Grand Starex များဝယ်ယူချင်ပါက N car showroom
PH 09260638997
ကိုဇော်
ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။
Use ကားများဖြစ်ပါတယ်။
Truck ကား များ ၁၂ယောက်စီးများဖြစ်သောကြောင့် ပစ္စည်းတင်ရန် လူကြိုပို့လုပ်ရန် လိုင်းစွဲရန် လုပ်ငန်းသုံးရန်အတွက် အထူးသင့်လျော်ပါတယ်။
မိသားစုများသောသူများလည်း အိမ်စီး အတွက် အဆင်ပြေပါတယ်။
Korea ကားများဟာ ဒီဆယ် ဘယ်မောင်း များဖြစ်သောကြောင့် ဆီကုန်သက်သာပြီး အဆင်ပြေစွာမောင်းနှင်နိုင်ပါတယ်။
Gear box နဲ့ Engine ကို ၆လ (သို့) ကီလိုမီတာ ၁၀၀၀၀ အာမခံပေးပါတယ်။
ကျွန်တော်တို့ဆီမှ ဝယ်ယူသောကားများကို မဝယ်ယူမှီ ဝယ်သူစိတ်တိုင်းကျဖြစ်အောင် ပြုလုပ်ပေးပါတယ်။
Useကားများဖြစ်သောကြောင့် မိမိစိတ်တိုင်းကျဖြစ်အောင် လဲလှယ်ပေးပါတယ်။
ကားပျက် လျင်လည်းအပိုပစ္စည်းပူစရာမလိုပဲ showroomတွင်ဝယ်ယူနိုင်ပါတယ်။
Showroom ပိုင် အရည်းအချင်းပြည့်မှီသောworkshop ဆရာများရှိသောကြောင့် အပြစ်ကိုရှာရာတွင် လျင်မြန်လွယ်ကူစွာ ရှာတွေ့ပြီးပြင်ဆင်နိုင်ပါတယ်
Show roomမှဝယ်ယူသောကားများကို အပိုပစ္စည်း ဝယ်ယူပါက ၁၀ ရာခိုင်နူန်း လျော့ပေးပါတယ်။
ဝယ်ယူသူများ ကိုမိတ်ဆက်ပေး သောအကျိုးဆောင်များကိုလည်း ၂ သိန်းမှ၃ သိန်းခန့်ပေးပါတယ်။
အကျိုးဆောင်ပါတယ်ဆိုတာကိုတော့ မဝယ်မှီအကြောင်းကြားပေးရန်လိုအပ်ပါတယ်။
Useကားဝယ်ပြီး ကားပျက်လျင်စိတ်ညစ်မလိုပဲservice အပြည့်ရနိုင်တဲ့ showroom က ကျွန်တော်တို့ showroomမှာပဲရှိနိုင်ပါတယ်။
ဒါကြောင့် ကားဝယ်မယ်ဆို N car ကိုသတိရလိုက်ပါ.....ok?

No comments:

Post a Comment