Monday, July 6, 2015

ကျွန်တော်ကိုရီးယား Hyundai Starex ကားတစ်စီးဝယ် ထားပါတယ်။ 

ကျွန်တော်ကိုရီးယား Hyundai Starex ကားတစ်စီးဝယ် ထားပါတယ်။ ဒီဇယ်ကားဆိုပေမယ့် ဆီစားများနေသလိုပဲ။ အခြေအနေက အားလုံးကောင်းပါတယ်။ ဆီစားသက် သာအောင် ဘယ်လိုလုပ်ရမလဲ အကြံ ပြုပါဦး။
ဦးဝင်းတင်(တောင်ဥက္ကလာပ)

ကိုရီးယား ဒီဇယ်ကား တွေမှာ အသုံးပြုထားတဲ့ ဒီဇယ်နည်း ပညာကို Common Rail Direct Injection (CRDi) လို့ခေါ်ပါတယ်။ ခေတ်ဟောင်း  ဒီဇယ်ကားတွေနဲ့ ကွာ ခြားပါတယ်။ ခေတ်ဟောင်းဒီဇယ် ကားတွေမှာ ပလန်ဂျာ၊ နော်ဇယ်၊ ပန့် တွေသုံးထားပါတယ်။ Common Rail ဒီဇယ်စနစ်မှာတော့ Injector ကပဲ အင်ဂျင် Combustion Chamber (မီးလောင်ပေါက်ကွဲခန်း) ထဲကို  တိုက်ရိုက်ဆီဖြန်းပေးပါတယ်။ Injector က ဖြန်းပေးတဲ့ဆီဖိအား ပမာဏ ဟာ တော်တော်မြင့်ပါတယ်။ Press-ure 25,000 psi မှ 27,000 psi အထိရှိပါတယ်။ ခေတ်ဟောင်း ဒီဇယ် ကားမှာ နော်ဇယ်ဖိအားက 1500 psi - 2000 psi လောက်ပဲရှိပါတယ်။

Common Rail ဒီဇယ်စနစ် မှာ ဒီဇယ်ဆီသန့်ရှင်းဖို့ လိုပါတယ်။ ဖယောင်းပါဝင်မှု များတဲ့  ဒီဇယ်၊ ဆာလဖာများတဲ့  ဒီဇယ်ဆီနဲ့ မကိုက် ပါဘူး။ အရည်အသွေးမြင့် ဒီဇယ်ဆီ ကိုပဲသုံးပါ။ ဆီစစ်ဘူးမှန်မှန်လဲပေးဖို့ လိုပါတယ်။   ဆီစားများနေတော့ Injector ကောင်းကောင်းအလုပ် မလုပ်နိုင်လို့ ဖြစ်ပါတယ်။ Injector Cleaner နဲ့  ဆေးကြောသန့်ရှင်းဖို့ရှိပါ တယ်။ အကောင်းဆုံးကတော့ ဒီဇယ် ဆားဗစ်ဝပ်ရှော့ပ်တစ်ခုခုမှာ ပြသပါ။ Injector Tester ဖြင့် စစ်ဆေးကြည့် ပါ။

Common Rail ဒီဇယ်စနစ် သုံး ကားတွေမှာ ဆီပန့်နဲ့ Injector တွေ ပွန်းစားမှုသက်သာစေဖို့ CRD Fuel Enhancer ကို သုံးဖို့လိုပါ တယ်။ Enhancer သုံးစွဲခြင်းအားဖြင့်  Injector ရဲ့ လုပ်ဆောင်ချက်တွေပိုပြီး ကောင်းလာပါလိမ့်မယ်။ှုညနြခအသမ ရဲ့ သက်တမ်းကို ပိုပြီးရှည်စေပါတယ်။

ဦးဝင်တင်မေးထားတဲ့ ဒီဇယ်ဆားဗစ် ၀ပ်ရှော့ပ်တွေကတော့ -
- "ကြံတိုင်းအောင်" ဒီဇယ်ဆား ဗစ်၊ အရှေ့မြင်းကွင်းလမ်း၊ တာမွေ။
- "သမာဓိ" ဒီဇယ်ဆားဗစ်၊ (၅၇) လမ်း၊ ပုဇွန်တောင်။
- "မဏ္ဍိုင်" ဒီဇယ်ဆားဗစ်၊ ကြည့်မြင်တိုင်မျက်မမြင်ကျောင်း။
- "ကောင်းသောနေ့" ဒီဇယ် ဆားဗစ်၊ ကြာညိုလမ်း၊ ပုဇွန်တောင်။
- "အောင်သိန်းထိုက်" ဒီဇယ် ဆားဗစ်၊ အင်းစိန်မြို့သစ်ဈေးအနီး။
-------------------------------------------------------------------

(၂၀၁၄) ခုနှစ်အတွက် ပြည်ပမှကားတင်သွင်းခွင့်ပြုတဲ့ Model နှစ် သတ်မှတ်ချက်များကို သိချင်ပါ တယ်။ ကားဟောင်းအပ်စလစ်နဲ့ပြပြီး တင်သွင်းတာရော၊ ဖရီးပါမစ်နဲ့သွင်းခွင့် ပြုတဲ့ Model Year သတ်မှတ်ချက် တွေကို ဖြေကြားပေးပါ။
ကိုသံချောင်း (မြောက်ဥက္ကလာ)

အစားထိုးယာဉ်တင် သွင်းမှု (ကားဟောင်းအပ်စလစ်ပါ) မှာ ကားအမျိုးအစားအလိုက် ခွဲခြား သတ်မှတ်ထားပါတယ်။
- လူစီးမော်တော်ယာဉ်များ (2000-2008 model)
- အင်ဂျင်ပါဝါစီစီ 1350 နှင့် အောက် (2000-2014 model)
- ထရပ်ကားများ (ကုန်တင်) (2000-2008 model)
- ခရီးသည်တင်ဘတ်စ်ကား (2000-2008 model)

ဖရီးပါမစ်  လျှောက်ခွင့်ရှိတဲ့ (နိုင်ငံသားမည်သူမဆို၊ သဘောင်္သား၊ ကုမ္ပဏီ၊ ပြည်ပအလုပ်သမား၊ စစ်သံ ၀န်ထမ်း၊ ဟိုတယ် ခရီးကုမ္ပဏီ) လူ ပုဂ္ဂိုလ်များတွက်
- လူစီးမော်တော်ယာဉ် (2009 -2014)
- 1350 CC နှင့်အောက် (2009 -2014)
- ထရပ်ကား (2004-2014)
- ဘတ်စ်ကား (2004-2014)

ကားအမျိုးအစား  အလိုက် Model Year အလိုက် C.I.F တန်ဖိုး သတ်မှတ်ဇယားကို စီးပွားကူးသန်း Web Site မှာ ၀င်ကြည့်နိုင်ပါတယ်။(www.commerec.gov.mm)

Bongo III,Porter 2,Starex GRX,Grand Starex များဝယ်ယူချင်ပါက N car showroom
PH 09260638997
ကိုဇော်
ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။
Use ကားများဖြစ်ပါတယ်။
Truck ကား များ ၁၂ယောက်စီးများဖြစ်သောကြောင့် ပစ္စည်းတင်ရန် လူကြိုပို့လုပ်ရန် လိုင်းစွဲရန် လုပ်ငန်းသုံးရန်အတွက် အထူးသင့်လျော်ပါတယ်။
မိသားစုများသောသူများလည်း အိမ်စီး အတွက် အဆင်ပြေပါတယ်။
Korea ကားများဟာ ဒီဆယ် ဘယ်မောင်း များဖြစ်သောကြောင့် ဆီကုန်သက်သာပြီး အဆင်ပြေစွာမောင်းနှင်နိုင်ပါတယ်။
Gear box နဲ့ Engine ကို ၆လ (သို့) ကီလိုမီတာ ၁၀၀၀၀ အာမခံပေးပါတယ်။
ကျွန်တော်တို့ဆီမှ ဝယ်ယူသောကားများကို မဝယ်ယူမှီ ဝယ်သူစိတ်တိုင်းကျဖြစ်အောင် ပြုလုပ်ပေးပါတယ်။
Useကားများဖြစ်သောကြောင့် မိမိစိတ်တိုင်းကျဖြစ်အောင် လဲလှယ်ပေးပါတယ်။
ကားပျက် လျင်လည်းအပိုပစ္စည်းပူစရာမလိုပဲ showroomတွင်ဝယ်ယူနိုင်ပါတယ်။
Showroom ပိုင် အရည်းအချင်းပြည့်မှီသောworkshop ဆရာများရှိသောကြောင့် အပြစ်ကိုရှာရာတွင် လျင်မြန်လွယ်ကူစွာ ရှာတွေ့ပြီးပြင်ဆင်နိုင်ပါတယ်
Show roomမှဝယ်ယူသောကားများကို အပိုပစ္စည်း ဝယ်ယူပါက ၁၀ ရာခိုင်နူန်း လျော့ပေးပါတယ်။
ဝယ်ယူသူများ ကိုမိတ်ဆက်ပေး သောအကျိုးဆောင်များကိုလည်း ၂ သိန်းမှ၃ သိန်းခန့်ပေးပါတယ်။
အကျိုးဆောင်ပါတယ်ဆိုတာကိုတော့ မဝယ်မှီအကြောင်းကြားပေးရန်လိုအပ်ပါတယ်။
Useကားဝယ်ပြီး ကားပျက်လျင်စိတ်ညစ်မလိုပဲservice အပြည့်ရနိုင်တဲ့ showroom က ကျွန်တော်တို့ showroomမှာပဲရှိနိုင်ပါတယ်။
ဒါကြောင့် ကားဝယ်မယ်ဆို N car ကိုသတိရလိုက်ပါ.....ok?




No comments:

Post a Comment