Monday, July 6, 2015

လုပ်ငန်းသုံးအတွက် အဆင်ပြေတဲ့ Kia Bongo III

 အရင်တုန်းကတော့ အသေးစား Truck ဈေးကွက်ဆိုရင် Toyota က ထုတ်တဲ့ Light-truck လေးတွေနဲ့ TownAce လေးတွေက လူကြိုက်များတဲ့ မော်ဒယ်တွေပါ။ သူတို့က ၀န်လည်း တင်နိုင် ခရီးဝေးလည်း သွားနိုင်သလို စွမ်းဆောင်ရည်လည်း မဆိုးတော့ လူကြိုက်များကြတယ်လေ။ အခုတော့ သူတို့လိုပဲ Hyundai Porter II တို့၊ အခု ပြောမယ့် Kia Bongo IIIတို့လို အသေးစား ကုန်တင်ယာဉ်လေးတွေ ဈေးကွက် ထပ်ဝင်လာတော့ အရင်က တခေတ်ထခဲ့တဲ့ Toyota TownAceတွေ ဘယ်ချောင် သွားအိပ်နေကြလဲ မေးရမလောက်ပျောက်ကုန်ကြပါတော့တယ်။ ပျောက်ဆို အခု ပြောနေတဲ့ Bongo III တွေက မော်ဒယ်လည်း မြင့်တယ်၊ ရုပ်ထွက်တွေလည်း လှသလို၊ ကိုယ်ထည်ကလည်း ကြီးသေးတယ် မဟုတ်လား။ ပြောရရင် ၀န်များများ မတင်နိုင်သည့်တိုင်အောင် လူများများတော့ စီးနိုင်တာကိုးဗျ။ နယ်ဘက်တွေ အတွက်ကတော့ ကွက်တိပါပဲ။

 ခေါင်းခန်းရဲ့အကျယ် အနေအထားကလည်း တခြား မော်ဒယ်တွေထက် ပိုတယ်။ ဒါပေမယ့် နောက်ထပ် လူလိုက်စီးနိုင်လောက်သည့်တိုင်အောင်တော့ မကျယ်ဘူးပေါ့။ ဒါပေမယ့် အဆင်ပြေပါတယ်။ နောက်ဖက် ကုန်တင်ဖို့ နေရာကလည်း အလျားရှည်တော့ နေရာလေး ပိုတယ်။ အင်ဂျင်ပိုင်းက ၂.၉ လီတာသုံး ဆိုတဲ့ အင်ဂျင်က အခုလောက် အသေးစား ကုန်တင်ယာဉ် တစီးအတွက် နည်းတယ်လို့ ဆိုနိုင်ပေမယ့် အရမ်းကြီး လမ်းကြမ်းကို မခိုင်းဘဲနဲ့ ၀န်လည်း အများကြီး မတင်ဘူးဆိုရင် ဆီစားနှုန်းကို သက်သာစေနိုင်တာကြောင့် ကောင်းတယ်လို့ ဆိုရမှာပါ။

အရောင်အပိုင်းကတော့ အပြာနဲ့ အဖြူတွေ အ၀င်များပေမယ့် တော်တော်များများကတော့ အပြာကို ပိုကြိုက်တာ တွေ့ရပါတယ်။ ဒါပေမယ့် ကျနော့်အမြင်မှာတော့ အပြာထက် အဖြူက ပိုအဆင်ပြေပါတယ်။ နောက်ပြီး Bongo III ဆိုတာက Parking နေရာလေးဆောက်ပြီး သေချာ သိမ်းထားမှရမယ့် မော်ဒယ်မျိုး မဟုတ်ဘဲ မိုးထဲရေထဲမှာ သွားမယ့် သုံးမယ့် မော်ဒယ်ဆိုတော့ ကျနော်တို့ နိုင်ငံရဲ့ နေရောင်ပြင်းပြင်းက အရောင်လွင့်လွယ်စေနိုင်တာကြောင့် အဖြူရောင်ကိုပဲ အလေးသာတာဖြစ်ပါတယ်။

ဈေးနှုန်း အပိုင်းမှာတော့ ဆက်စပ် ပစ္စည်းတပ်ဆင်မှု ဆိုတာထက် အရောင်နဲ့ မော်ဒယ်အပေါ်ပဲ ဈေးနည်းနည်း ကွာတာ တွေ့ရပါတယ်။ ၂၀၀၅ခုနှစ် ၀န်းကျင်က သိန်း ၁၁၀ လောက်နဲ့ ၂၀၀၈ ၀န်းကျင်ဆိုရင် ၁၃၀ ၀န်းကျင်လောက် ရှိနေတာပါ။ ဒါပေမယ့် ဒီ မော်ဒယ်က အ၀ယ်များပေမယ့် တခြား အိမ်စီးမော်ဒယ်တွေလို ဈေးမကိုင်တတ်ကြပါဘူး။ ဆိုလိုရင်းကတော့ ဈေး အလျော့အတင်း ရှိတာကြောင့် Bongo III ကို စိတ်ဝင်စားတယ်၊ လုပ်ငန်းသုံး လိုတယ်ဆိုရင်တော့ ဈေးနည်းနည်းနဲ့ ရအောင် ဆစ်ပြီးသာ ၀ယ်လိုက်ပါလို့ အကြံပေးလိုက်ပါရစေဗျာ။ ကျနော့်သဘော ပြောရရင်တော့ Bongo III  ဆိုရင် မော်ဒယ်မြင့်လေ ပိုကြိုက်လေပါပဲ။

Bongo III,Porter 2,Starex GRX,Grand Starex များဝယ်ယူချင်ပါက N car showroom
PH 09260638997
ကိုဇော်
ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။
Use ကားများဖြစ်ပါတယ်။
Truck ကား များ ၁၂ယောက်စီးများဖြစ်သောကြောင့် ပစ္စည်းတင်ရန် လူကြိုပို့လုပ်ရန် လိုင်းစွဲရန် လုပ်ငန်းသုံးရန်အတွက် အထူးသင့်လျော်ပါတယ်။
မိသားစုများသောသူများလည်း အိမ်စီး အတွက် အဆင်ပြေပါတယ်။
Korea ကားများဟာ ဒီဆယ် ဘယ်မောင်း များဖြစ်သောကြောင့် ဆီကုန်သက်သာပြီး အဆင်ပြေစွာမောင်းနှင်နိုင်ပါတယ်။
Gear box နဲ့ Engine ကို ၆လ (သို့) ကီလိုမီတာ ၁၀၀၀၀ အာမခံပေးပါတယ်။
ကျွန်တော်တို့ဆီမှ ဝယ်ယူသောကားများကို မဝယ်ယူမှီ ဝယ်သူစိတ်တိုင်းကျဖြစ်အောင် ပြုလုပ်ပေးပါတယ်။
Useကားများဖြစ်သောကြောင့် မိမိစိတ်တိုင်းကျဖြစ်အောင် လဲလှယ်ပေးပါတယ်။
ကားပျက် လျင်လည်းအပိုပစ္စည်းပူစရာမလိုပဲ showroomတွင်ဝယ်ယူနိုင်ပါတယ်။
Showroom ပိုင် အရည်းအချင်းပြည့်မှီသောworkshop ဆရာများရှိသောကြောင့် အပြစ်ကိုရှာရာတွင် လျင်မြန်လွယ်ကူစွာ ရှာတွေ့ပြီးပြင်ဆင်နိုင်ပါတယ်
Show roomမှဝယ်ယူသောကားများကို အပိုပစ္စည်း ဝယ်ယူပါက ၁၀ ရာခိုင်နူန်း လျော့ပေးပါတယ်။
ဝယ်ယူသူများ ကိုမိတ်ဆက်ပေး သောအကျိုးဆောင်များကိုလည်း ၂ သိန်းမှ၃ သိန်းခန့်ပေးပါတယ်။
အကျိုးဆောင်ပါတယ်ဆိုတာကိုတော့ မဝယ်မှီအကြောင်းကြားပေးရန်လိုအပ်ပါတယ်။
Useကားဝယ်ပြီး ကားပျက်လျင်စိတ်ညစ်မလိုပဲservice အပြည့်ရနိုင်တဲ့ showroom က ကျွန်တော်တို့ showroomမှာပဲရှိနိုင်ပါတယ်။
ဒါကြောင့် ကားဝယ်မယ်ဆို N car ကိုသတိရလိုက်ပါ.....ok?




No comments:

Post a Comment