Tuesday, July 7, 2015
ဒီနေ့ခေတ် ပြည်တွင်း ကားဈေး ကွက်ရဲ့ Truck အပိုင်းကို ကြည့်မယ် ဆိုရင် လူကြိုက် အများဆုံး က Toyota ရဲ့ Vigo နဲ့ Ford ရဲ့ Truk တွေပါပဲ။
ဒီနေ့ခေတ် ပြည်တွင်း ကားဈေး ကွက်ရဲ့ Truck အပိုင်းကို ကြည့်မယ် ဆိုရင် လူကြိုက် အများဆုံး
က Toyota ရဲ့ Vigo နဲ့ Ford ရဲ့ Truk တွေပါပဲ။ ဈေးကွက်အနေအထားအရတော့ Vigo တွေက
လူကြိုက်ပိုများမယ် ထင်ပါတယ်။ အကြောင်းကတော့ နေရာတော်တော်များများမှာ တွေ့နေရ
လို့လေ။
နောက်တချက်ကတော့ ဈေးနှုန်းဆိုတာထက် ဆွဲဆောင်နိုင်မှုပိုကောင်းလို့ပါ။ အာရှသားတွေရဲ့
မျက်စိအကြိုက်ကို အာရှသားဂျပန်တွေပဲ ကောင်းကောင်းသိပုံရပါတယ်။ စွမ်းဆောင်ရည်ပိုင်း
မှာ တခြား Truck ဘုရင်ကြီးတွေရဲ့မော်ဒယ်တွေလောက် ကောင်းချင်မှကောင်းနိုင်၊ မီချင်မှမီ
နိုင်ပေမယ့် ဆွဲဆောင်နိုင်မှုကတော့ Vigo တွေကတော်တော်ကိုကောင်းတာပါ။
အခုလည်း ဈေးနှုန်းအနေအထားအရ ပြောရမယ် ဆိုရင် Vigo တစီးကို ၂၀၁၃ခုနှစ် မော်ဒယ်
လောက် ဆိုရင်ပဲ သိန်း၂၅၀ ကျော် လောက် ရှိနေတယ် မဟုတ်လား။ ဒါကတော့ Equipment
အပြည့် အစုံနဲ့ မော်ဒယ်ကို ပြောတာပါ။ နောက်ပြီးတော့ မော်ဒယ်မြင့် ဆိုတဲ့ အနေအထားမှာ
ရေရှည် ပိုင်း အသုံးပြုနိုင် မှုကတော့ ကောင်းမွန် ပါလိမ့်မယ်။ ဈေးကွက်ထဲမှာ တွေ့နေရတဲ့အ
ဆိုပါ၂၀၁၃ ခုနှစ်ဝန်းကျင်ထုတ် မော်ဒယ်တစီးက Used အနေနဲ့ရှိနေတာ ဖြစ်ပြီးတော့ ဘယ်
လောက်ထိအောင် မောင်းထားပြီးပြီလဲဆိုရင် ပျမ်းမျှ ကီလို၇သောင်းလောက်ရှိမှာပါ။
တကယ်တမ်းပြောရမယ်ဆိုရင် တနှစ်ကျော်လောက်ပဲ သက်တမ်းရှိနေသေးတဲ့ မော်ဒယ်တစီး
ကို တနှစ်ကျော် ကာလအတွင်းမှာ ကီလို၇သောင်းလောက် ထိ အောင်ခိုင်း ထားတယ် ဆိုတာ
ကတော့ နှာခေါင်းရှုံ့ချင်စရာပါ။ ဒါပေမယ့်ဘယ်တတ်နိုင်မလဲ၊ မော်ဒယ်မြင့်တာလေးတခုတည်း
ကိုပဲ အားသာချက်လို့ သဘောထား ရတော့မှာပေါ့။ ကောင်းပြီ၊ စက်ပိုင်းဆိုင်ရာစွမ်းဆောင်နိုင်
မှုကို တချက်လောက်ကြည့်ရအောင်။ ၃ဒသမ ဝလီတာသုံး ဒီဇယ်ဆီစနစ်သုံး အင်ဂျင်တပ်ဆင်
ထားတာကတော့ အမြန်နှုန်းမြင့်မြင့် မောင်းနှင်နိုင်ဖို့ရာ ဆိုတာထက် ရုန်းအားကောင်းကောင်းနဲ့
လမ်းကြမ်းတွေကို အကောင်းဆုံးကျော်ဖြတ်နိုင်မယ့် အင်ဂျင်စနစ်မျိုးပါ။
ရုပ်ထွက်ပိုင်း ဆေးသားလည်းမကျသေးဘူး၊ Bumperတွေလည်း အကောင်းအတိုင်း ရှိနေသေး
တယ်၊ အတွင်းပိုင်း အပြင်အဆင်ကလည်း အကောင်းဆုံး အနေအထားမဟုတ်ပေမယ့် ဆွဲ
ဆောင်နိုင်မှုကောင်းတယ်၊ အာရှထုတ်မော်ဒယ် ဖြစ်တာကြောင့် ဆီစားနှုန်းလည်းတန်းတူ အင်
ဂျင် အရွယ်အစားလောက် တပ်ထားတဲ့ ဥရောပနဲ့အမေရိကထုတ် မော်ဒယ်တွေထက်သက်သာ
နိုင်တယ်၊ ဝန်တင်ဆောင်နိုင်မှုကလည်း ပေါင်နှစ်ထောင် ကျော်ရှိတယ်။
(ဒါကတင်ဆောင်နိုင်မှုကိုပြောတာပါ။ ရုန်းကန်နိုင်မှုက တင်ဆောင်နိုင်မှု ဝန်ထက်ပျမ်းမျှ သုံးဆ
လောက်တော့ ရှိနိုင်ပါတယ်) အတွင်းခန်း ကျယ်ဝန်းမှုရှိသလို ခရီးဝေး သွားလာမောင်းနှင်မှုတွေ
အတွက်ပါ ခရီးသည် ၅ယောက်လောက်ထိအောင် သက်တောင့်သက်သာ ရှိစေနိုင်တယ်၊ အင်
ဂျင်စနစ်ရဲ့ စွမ်းရည်က Off-Road တခုတည်းအတွက်တင် မဟုတ်ဘဲ ခရီးဝေးသွားလာမောင်းနှင်
နိုင်မှုအတွက်ပါ စိတ်ကြိုက် မောင်းနှင် နိုင်မယ်။ ဒါဆို Vigo မှ Vigo ကြိုက်ပြီဆိုရင် ကီလို ဘယ်
လောက်မောင်းထားတယ်ဆိုတာ မကြည့်တော့ဘဲ မော်ဒယ်မြင့် Vigo တစီးကို ဖမ်းဆွဲထားလိုက်
တာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ဈေးနှုန်းကတော့ ပျမ်းမျှသိန်း ၂၅၀ ဝန်းကျင်ပေါ့။
လင်းထက်(IA)
The Irrawaddy's Blog by thae thae
http://blog.irrawaddy.org/2015/02/truck-vigo.html
Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: Truck တွေ ထဲမှာ ရုပ်ထွက် လန်းလွန်းတဲ့ Vigo http://www.simon-vlog.com/2015/02/truck-vigo.html#ixzz3fENz842v
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook
Bongo III,Porter 2,Starex GRX,Grand Starex များဝယ်ယူချင်ပါက N car showroom
PH 09260638997
ကိုဇော်
ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။
Use ကားများဖြစ်ပါတယ်။
Truck ကား များ ၁၂ယောက်စီးများဖြစ်သောကြောင့် ပစ္စည်းတင်ရန် လူကြိုပို့လုပ်ရန် လိုင်းစွဲရန် လုပ်ငန်းသုံးရန်အတွက် အထူးသင့်လျော်ပါတယ်။
မိသားစုများသောသူများလည်း အိမ်စီး အတွက် အဆင်ပြေပါတယ်။
Korea ကားများဟာ ဒီဆယ် ဘယ်မောင်း များဖြစ်သောကြောင့် ဆီကုန်သက်သာပြီး အဆင်ပြေစွာမောင်းနှင်နိုင်ပါတယ်။
Gear box နဲ့ Engine ကို ၆လ (သို့) ကီလိုမီတာ ၁၀၀၀၀ အာမခံပေးပါတယ်။
ကျွန်တော်တို့ဆီမှ ဝယ်ယူသောကားများကို မဝယ်ယူမှီ ဝယ်သူစိတ်တိုင်းကျဖြစ်အောင် ပြုလုပ်ပေးပါတယ်။
Useကားများဖြစ်သောကြောင့် မိမိစိတ်တိုင်းကျဖြစ်အောင် လဲလှယ်ပေးပါတယ်။
ကားပျက် လျင်လည်းအပိုပစ္စည်းပူစရာမလိုပဲ showroomတွင်ဝယ်ယူနိုင်ပါတယ်။
Showroom ပိုင် အရည်းအချင်းပြည့်မှီသောworkshop ဆရာများရှိသောကြောင့် အပြစ်ကိုရှာရာတွင် လျင်မြန်လွယ်ကူစွာ ရှာတွေ့ပြီးပြင်ဆင်နိုင်ပါတယ်
Show roomမှဝယ်ယူသောကားများကို အပိုပစ္စည်း ဝယ်ယူပါက ၁၀ ရာခိုင်နူန်း လျော့ပေးပါတယ်။
ဝယ်ယူသူများ ကိုမိတ်ဆက်ပေး သောအကျိုးဆောင်များကိုလည်း ၂ သိန်းမှ၃ သိန်းခန့်ပေးပါတယ်။
အကျိုးဆောင်ပါတယ်ဆိုတာကိုတော့ မဝယ်မှီအကြောင်းကြားပေးရန်လိုအပ်ပါတယ်။
Useကားဝယ်ပြီး ကားပျက်လျင်စိတ်ညစ်မလိုပဲservice အပြည့်ရနိုင်တဲ့ showroom က ကျွန်တော်တို့ showroomမှာပဲရှိနိုင်ပါတယ်။
ဒါကြောင့် ကားဝယ်မယ်ဆို N car ကိုသတိရလိုက်ပါ.....ok?
Subscribe to:
Post Comments (Atom)
No comments:
Post a Comment