Monday, July 6, 2015

မေး     - ကျွန်တော်တို့ ကား တစ်စီးဝယ်တော့မယ်ဆိုရင် ကား ဟောင်းပဲဝယ်ဝယ်၊ ကားသစ်ပဲဝယ် ၀ယ်ဘယ်လိုအချက်တွေကို မဖြစ်မနေ စစ်ဆေးသင့်ပါသလဲ။ ကားဝယ်ပြီးရင် ရောင်းတဲ့သူဆီက ဘယ်လိုစာရွက်စာ တမ်းအထောက်အထားတွေတောင်း ယူသင့်ပါသလဲ။

ဦးထွန်းအောင် (ရွှေပြည်သာ)

ဖြေ     - ကားအသစ်ဝယ်တာက ဘာပြဿနာမှမရှိပါဘူး။ တစ်ပတ်ရစ် ကား ဒါမှမဟုတ် ကားဟောင်းတစ်စီး ၀ယ်မယ်ဆိုရင်တော့ စစ်ဆေးသင့်တာ တွေ အများကြီးပါပဲ။ ဒါပေမယ့် ပြည်ပက တင်သွင်းလာတဲ့ကားတွေ ထဲမှာ တော်တော်သန့်တဲ့ Used Cars တွေများကြီးပါပဲ။ သူတို့နိုင်ငံ မှာ (၉) နှစ်၊ (၁၀) နှစ် ခိုင်းထားပေ မယ့် ကားအခြေအနေက အတော့်ကို ကောင်းနေပါသေးတယ်။

Car Sales Centre တွေ ရောင်းပေးနေတာ Used Cars တွေ ပါ။ Brand New ကားသစ်ကို Showroom မှာပဲရောင်းပါတယ်။ ကားကုမ္ပဏီတွေက အရောင်းပြခန်း တွေဖွင့်ပြီး ရောင်းတဲ့ကားတွေမှာ အပြစ်အနာအဆာ နည်းပါတယ်။ သူတို့က အာမခံနဲ့ ရောင်းပါတယ်။ After Sale Service လဲပေးပါတယ်။ ကုမ္ပဏီကြီးတွေကရောင်းတဲ့ Used Cars တွေက လိုအပ်ချက်တွေကို ပြန် ပြင်ပေးထားပါတယ်။ ကုမ္ပဏီရောင်း ကားကတော့ အာမခံချက်ရှိတဲ့အတွက် ကိုယ်ကြိုက်တဲ့ကားကို  သုံးမယ့်ငွေ ပမာဏနဲ့ ချင့်ချိန်ပြီးရွေးချယ်ဖို့ပဲ လိုပါတယ်။

အပြင်က၀ယ်ယူရမယ့်ကား ဟောင်းကိုတော့ ကားအကြောင်း တတ်ကျွမ်းနားလည်သူ အကူအညီနဲ့ စစ်ဆေးဖို့လိုပါတယ်။ ကားဟောင်း ဆိုတာ အမျိုးမျိုးရှိပါတယ်။ အရည် ကြိုအပ်ကားအဆင့်လား၊ ဇုန်ထုတ် ကားလား၊ (ခ) အက္ခရာတန်း၊ (ဂ) အက္ခရာတန်းအဟောင်းလား၊ (၂၀၁၂) ခုနှစ်ကစပြီးသွင်းထားတဲ့ Used Cars အဟောင်းလား။

အရည်ကြိုအပ်ကားကတော့ မောင်းလို့ရတဲ့အခြေအနေဆိုပြီးတာ ပါပဲ။ တစ်ခုစစ်ဖို့လိုပါတယ်။ ကား ချက်ဆီနံပါတ်နဲ့ အုံနာဘုတ်ထဲက ချက်ဆီနံပါတ် တူဖို့လိုပါတယ်။ အင် ဂျင်နံပါတ်တူဖို့လိုပါတယ်။ လိုင်စင် သက်တမ်းရှိဖို့လိုပါတယ်။

(က) အက္ခရာတန်း၊ (ခ) အက္ခရာတန်းကားတွေကတော့ (၁၅) နှစ်၊ နှစ် (၂၀) လောက်ခိုင်းပြီးသား ကားတွေဖြစ်တဲ့အတွက် စစ်ဆေးပြီးမှ ၀ယ်သင့်ပါတယ်။ အင်ဂျင်အခြေ အနေ၊ ကားဘော်ဒီအခြေအနေ၊ ကား အောက်ပိုင်း၊ တာယာ၊ ဘရိတ်၊ ဘက်ထရီ၊ မော်တာ၊ မီးလုံးမီးခွက် တွေ ဒီအချက်တွေကို အဓိကထားပြီး စစ်ပါ။  စက်ဆရာတစ်ဦး၊ ကား အကြောင်းကျွမ်းကျင်တဲ့  မိတ်ဆွေ တစ်ဦးကို အကူအညီတောင်းပြီး စစ် ဆေးပါ။ အားလုံးကျေနပ်ရင် ကားကို တစ်ပတ်လောက်လက်တွေ့စမ်းသပ် ပြီးမောင်းကြည့်ပါ။ စိတ်တိုင်းကျမှ ၀ယ်ပါ။ ပေါက်ဈေးအနီးစပ်ဆုံးဖြစ်ဖို့ နေရာအနှံ့စုံစမ်းပါ။ ရဲမှုကင်းရှင်း ပါစေ။ လိုင်စင်သက်တမ်းဝေးပါစေ။ ပြီးရင်အခွန်ဆောင်ထားတဲ့စာရွက် အစိမ်း၊ အုံနာဘုတ်၊ ၀ှီးတက်၊ လုပ် ငန်းလိုင်စင် (ရှိခဲ့လျှင်) စတာတွေ တောင်းဖို့လိုပါတယ်။ ပိုင်ဆိုင်မှုအရှုပ် အရှင်းကင်းရှင်းကြောင်း အာမခံချက် တောင်းပြီး စာချုပ်ချုပ် ပါ။

နောက်တစ်ချက်က တရားရုံး မှာအမှုဖြစ်နေပြီး ကားကိုအာမခံနဲ့ ပြန်ထုတ်ထားတဲ့ အမှုမပြီးသေးတဲ့ ကားမျိုးလည်းမဖြစ်ဖို့လိုပါတယ်။ ဒီ ခေတ်ကတော့ ကားပေါများပြီး ၀ယ် သူစိတ်ကြိုက်ရွေးချယ်ခွင့်ရှိတဲ့ အခြေ အနေပါပဲ။ ကားကောင်းတွေတောင် သိန်း (၈၀) နဲ့ (၁၀၀) ကြားပဲရှိတဲ့ ခေတ်မှာ ကားဟောင်းတွေကတော့ မျက်နှာငယ်ရပါတယ်။ အရည်ကြို အပ်ကားကတော စလစ်ကြောင့်ဈေးက အတက် အကျကစားနေကြပါတယ်။ ကားတန်ကြေးကတော့ ဘာမှမရှိ ပါဘူး။ ကားဟောင်းကိုင်ရင် တစ်ခု တော့ သတိထားသင့်တယ်။ အိုနေတဲ့ ကားတွေက ကျန်းမာရေးမကောင်းကြ ပါဘူး။ ခဏခဏ ပျက်လိုက်ပြင်လိုက် ပါပဲ။ ကားအကြောင်း သင်ခန်းစာများ များ လက်တွေ့ခံစားချင်ရင်တော့ ကားဟောင်းကိုပဲဝယ်ပါ။ ဇုန်ကား တွေလဲ ကားပိုင်ရှင်ကိုဒုက္ခပေးတဲ့အထဲ မှာပါတယ်။

Bongo III,Porter 2,Starex GRX,Grand Starex များဝယ်ယူချင်ပါက N car showroom
PH 09260638997
ကိုဇော်
ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။
Use ကားများဖြစ်ပါတယ်။
Truck ကား များ ၁၂ယောက်စီးများဖြစ်သောကြောင့် ပစ္စည်းတင်ရန် လူကြိုပို့လုပ်ရန် လိုင်းစွဲရန် လုပ်ငန်းသုံးရန်အတွက် အထူးသင့်လျော်ပါတယ်။
မိသားစုများသောသူများလည်း အိမ်စီး အတွက် အဆင်ပြေပါတယ်။
Korea ကားများဟာ ဒီဆယ် ဘယ်မောင်း များဖြစ်သောကြောင့် ဆီကုန်သက်သာပြီး အဆင်ပြေစွာမောင်းနှင်နိုင်ပါတယ်။
Gear box နဲ့ Engine ကို ၆လ (သို့) ကီလိုမီတာ ၁၀၀၀၀ အာမခံပေးပါတယ်။
ကျွန်တော်တို့ဆီမှ ဝယ်ယူသောကားများကို မဝယ်ယူမှီ ဝယ်သူစိတ်တိုင်းကျဖြစ်အောင် ပြုလုပ်ပေးပါတယ်။
Useကားများဖြစ်သောကြောင့် မိမိစိတ်တိုင်းကျဖြစ်အောင် လဲလှယ်ပေးပါတယ်။
ကားပျက် လျင်လည်းအပိုပစ္စည်းပူစရာမလိုပဲ showroomတွင်ဝယ်ယူနိုင်ပါတယ်။
Showroom ပိုင် အရည်းအချင်းပြည့်မှီသောworkshop ဆရာများရှိသောကြောင့် အပြစ်ကိုရှာရာတွင် လျင်မြန်လွယ်ကူစွာ ရှာတွေ့ပြီးပြင်ဆင်နိုင်ပါတယ်
Show roomမှဝယ်ယူသောကားများကို အပိုပစ္စည်း ဝယ်ယူပါက ၁၀ ရာခိုင်နူန်း လျော့ပေးပါတယ်။
ဝယ်ယူသူများ ကိုမိတ်ဆက်ပေး သောအကျိုးဆောင်များကိုလည်း ၂ သိန်းမှ၃ သိန်းခန့်ပေးပါတယ်။
အကျိုးဆောင်ပါတယ်ဆိုတာကိုတော့ မဝယ်မှီအကြောင်းကြားပေးရန်လိုအပ်ပါတယ်။
Useကားဝယ်ပြီး ကားပျက်လျင်စိတ်ညစ်မလိုပဲservice အပြည့်ရနိုင်တဲ့ showroom က ကျွန်တော်တို့ showroomမှာပဲရှိနိုင်ပါတယ်။
ဒါကြောင့် ကားဝယ်မယ်ဆို N car ကိုသတိရလိုက်ပါ.....ok?



No comments:

Post a Comment