Tuesday, July 7, 2015

မန္တလေး၌ MDY နယ်ဝင်ယာဉ်များ၏ အမှုတွဲများ မြန်ဆန်အောင်လုပ်ဆောင်ပေးမည်



မန္တလေး၌ MDY နယ်ဝင်ယာဉ်များ၏ အမှုတွဲများ မြန်ဆန်အောင်လုပ်ဆောင်ပေးမည်


မန္တလေးမြို့ဝင်ကြေး ခေတ္တရပ်ဆိုင်း ထားသည့် မေလအတွင်း မန္တလေး က.ည.န သို့ MDY နယ်ဝင်မည့်ယာဉ်များ၏ အမှု တွဲများအား မြန်ဆန်အောင် လုပ်ဆောင် ပေးမည် ဖြစ်ကြောင်း မန္တလေး က.ည.နမှ တိုင်းဦးစီးမှူး ဦးနေလင်းက ပြောသည်။ ရုံးစာချောပို့စနစ်ဖြင့် လုပ်ဆောင်ရာတွင် အချိန်တစ်လခန့်ထိ ကြာမြင့်မှုများကြောင့် မြန်ဆန်စေရန် သက်ဆိုင်ရာတာဝန်ရှိသူ များနှင့် ချိတ်ဆက်မည့်အပြင် ယခုကဲ့သို့ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး နေပြည်တော် ရုံးချုပ်သို့လည်း တင်ပြသွားမည်ဟုဆိုသည်။

]]က.ည.န အနေနဲ့ အမြန်ဆုံးဖြစ် အောင် လုပ်ပေးသွားမှာပါ။ ယာဉ်အမှုတွဲ တွေက ရုံး ချောပို့နဲ့သွားမယ်ဆိုရင် တစ်လ လောက်ကြာတယ်။ ဒါကြောင့် ၀န်ထမ်း တစ်ယောက်ကို ရန်ကုန်မှာ ကိုယ်စားလှယ် သဘောမျိုးထားရှိပြီး မန္တလေးကနေ အမှု တွဲတွေကို ကားနဲ့ဖြစ်ဖြစ် ပို့ပေးမယ်}} ဟု ၎င်းင်းက ပြောသည်။

မေလအတွင်း နယ်ဝင် လာရောက် လုပ်ကိုင်သည့်ယာဉ်အမှုတွဲများကို မြန်ဆန် မှုရှိရန် Fax စနစ်၊ အင်တာနက်ကောင်းလျှင် online စနစ်များ အသုံးပြုကာ ဌာနချင်း ချိတ်ဆက် လုပ်ဆောင်ပေးမည်ဖြစ်ပြီး တစ်နေ့တာ အမှုတွဲများကို ညနေပိုင်း တွင် ကားဂိတ်မှ ပို့ပေးကာ လျင်မြန်အောင် ဆောင်ရွက်သွားရန် စီစဉ်ပေးမည်ဖြစ် သည်။

]]မန္တလေးတိုင်းအတွင်း က.ည.န ခရိုင်ရုံးတွေမှာလည်း လုပ်လို့ရတယ်။ မြင်းခြံ၊ မိတ္ထီလာကဆိုရင် မန္တလေးလာစရာ မလိုဘဲ အဲ့ဒီမှာရှိတဲ့ ခရိုင်ရုံးတွေမှာ လုပ် လို့ရပါတယ်။ YGN ရန်ကုန်နံပါတ်တင် မဟုတ်ဘူး အခြားပြည်နယ်၊ တိုင်းမှတ်ပုံ တင်ယာဉ်တွေလည်း MDY လုပ်ပေးတယ်}} ဟု ဆက်လက်ပြောပြသည်။

နယ်ဝင်ရာတွင် ပိုင်ရှင်အမည်ပေါက် နှင့် အမည်မပေါက်ဟူ၍ နှစ်မျိုးရှိပြီး ကိုယ်တိုင်အမည်ပေါက် ဖြစ်ပါက ကိုယ် တိုင်လျှောက်လွှာ၊ ကမ-၃ (ယာဉ်မှတ်ပုံ တင်စာအုပ်)၊ ရပ်ကွက်ထောက်ခံစာ၊ မှတ် ပုံတင်၊ အိမ်ထောင်စုဇယား၊ အရောင်း အ၀ယ်စာချုပ်တို့ လိုအပ်ကြောင်း၊ အမည် မပေါက်ဆိုလျှင် အဆိုပါ စာရွက်စာတမ်း များနှင့်အတူ အခွန်ဌာနမှ ထုတ်ပေးသည့် အခွန်စိမ်း (ပုံစံ-၁)ပါရမည်ဖြစ်ကြောင်း သိရသည်။

]]က.ည.နမှာ နယ်ဝင်မယ်ဆိုရင် အဓိကပြဿနာက အခွန်စိမ်းပဲ။ မှတ်ပုံတင် မူရင်းပါရမယ်ဆိုပြန်တော့ အရင်ပိုင်ရှင်က ဘယ်မှာလဲမသိဘူး။ ယူလို့လည်းမရဖြစ်နေ တယ်။ အခွန်ဆောင်ရမယ်ဆိုတော့ ယာဉ်ပိုင်ရှင်တွေက မဆောင်ချင်တော့ အရင်လူနာမည်နဲ့ လုပ်ကြတာများတယ်}} ဟု က.ည.န လုပ်ငန်းအကျိုးဆောင် တစ်ဦးက ပြောသည်။

နယ်ဝင်မှတ်ပုံတင် (က.ည.န) ကုန်ကျစရိတ်များမှာ   ယာဉ်ငယ် (ကိုယ်ပိုင်) အတွက် (၃၆၂၀၀) ကျပ်၊ ယာဉ်ငယ် (အငှား) ၅၁၂၀၀ ကျပ်၊ ယာဉ်ကြီး (ကိုယ်ပိုင်) ၅၆၂၀၀ ကျပ်၊ ယာဉ်ကြီး (အငှား) ၆၆၂၀၀ ကျပ်ဖြစ်ပြီး ၎င်းင်းကုန်ကျစရိတ်ထက် ပိုမိုတောင်းခံပါက တိကျစွာသတင်းပေး တိုင်ကြားနိုင်သည် ဟုဆိုသည်။

အမည်ပြောင်းသည့်အတွက် ကျပ် (၅၀၀၀)၊ အ၀ိုင်းမိတ္တူကျပ် (၅၀၀၀) နှင့် သက်တမ်းကုန်လွန်ပါက ဒဏ်ကြေးအဖြစ် မှတ်ပုံတင် ကုန်ကျစရိတ်၏ (၅) ရာခိုင် နှုန်းပေးဆောင်ရမည်။ နယ်ထွက်စာဖြင့် နယ်ဝင် ဆောင်ရွက်ပါက နယ်ဝင်နေရပ် ပြောင်းခပေးဆောင်ရန်  မလိုကြောင်း သိရသည်။

Bongo III,Porter 2,Starex GRX,Grand Starex များဝယ်ယူချင်ပါက N car showroom
PH 09260638997
ကိုဇော်
ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။
Use ကားများဖြစ်ပါတယ်။
Truck ကား များ ၁၂ယောက်စီးများဖြစ်သောကြောင့် ပစ္စည်းတင်ရန် လူကြိုပို့လုပ်ရန် လိုင်းစွဲရန် လုပ်ငန်းသုံးရန်အတွက် အထူးသင့်လျော်ပါတယ်။
မိသားစုများသောသူများလည်း အိမ်စီး အတွက် အဆင်ပြေပါတယ်။
Korea ကားများဟာ ဒီဆယ် ဘယ်မောင်း များဖြစ်သောကြောင့် ဆီကုန်သက်သာပြီး အဆင်ပြေစွာမောင်းနှင်နိုင်ပါတယ်။
Gear box နဲ့ Engine ကို ၆လ (သို့) ကီလိုမီတာ ၁၀၀၀၀ အာမခံပေးပါတယ်။
ကျွန်တော်တို့ဆီမှ ဝယ်ယူသောကားများကို မဝယ်ယူမှီ ဝယ်သူစိတ်တိုင်းကျဖြစ်အောင် ပြုလုပ်ပေးပါတယ်။
Useကားများဖြစ်သောကြောင့် မိမိစိတ်တိုင်းကျဖြစ်အောင် လဲလှယ်ပေးပါတယ်။
ကားပျက် လျင်လည်းအပိုပစ္စည်းပူစရာမလိုပဲ showroomတွင်ဝယ်ယူနိုင်ပါတယ်။
Showroom ပိုင် အရည်းအချင်းပြည့်မှီသောworkshop ဆရာများရှိသောကြောင့် အပြစ်ကိုရှာရာတွင် လျင်မြန်လွယ်ကူစွာ ရှာတွေ့ပြီးပြင်ဆင်နိုင်ပါတယ်
Show roomမှဝယ်ယူသောကားများကို အပိုပစ္စည်း ဝယ်ယူပါက ၁၀ ရာခိုင်နူန်း လျော့ပေးပါတယ်။
ဝယ်ယူသူများ ကိုမိတ်ဆက်ပေး သောအကျိုးဆောင်များကိုလည်း ၂ သိန်းမှ၃ သိန်းခန့်ပေးပါတယ်။
အကျိုးဆောင်ပါတယ်ဆိုတာကိုတော့ မဝယ်မှီအကြောင်းကြားပေးရန်လိုအပ်ပါတယ်။
Useကားဝယ်ပြီး ကားပျက်လျင်စိတ်ညစ်မလိုပဲservice အပြည့်ရနိုင်တဲ့ showroom က ကျွန်တော်တို့ showroomမှာပဲရှိနိုင်ပါတယ်။
ဒါကြောင့် ကားဝယ်မယ်ဆို N car ကိုသတိရလိုက်ပါ.....ok?

No comments:

Post a Comment